HEALTHY WEIGHT PACKAGE

Healthy Weight Check-Up

ကျန်းမာသောကိုယ်အလေးချိန်သည် ကျန်းမာသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းထားရန်နှင့် ရောဂါဘယများကင်းဝေးစေရန် အရေးကြီးဆုံးဖြစ်ပါသည်။ မိမိကိုယ်ကိုကျန်းမာစေခြင်းသည် ဘဝတစ်သက်တာတွင် အရေးကြီးဆုံးဖြစ်သောကြောင့် အစားအသောက်နှင့်နေထိုင်မှုပုံစံသည်လည်း ကျန်းမာရေးနှင့်ဟန်ချက်ညီမှုရှိစေရန် အရေးကြီးလှပါသည်။ ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာ၊ လေဖြတ်ခြင်းနှင့်ဆီးချိုရောဂါ တို့ကိုကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ကျန်းမာသောကိုယ်အလေးချိန်ကိုသိရှိနိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Healthy Weight Check-Up Package ကို ခေတ်မီစက်ကိရိယာများ ကျွမ်းကျင်သော ဆရာဝန်ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိပါသည်ခင်ဗျာ။

Healthy Weight Check-Up Package (ကျန်းမာသောကိုယ်အလေးချိန်စစ်ဆေးခြင်း) တွင်တိုင်းတာစစ်ဆေးနိုင်မည့်  အစီအစဉ်များမှာ

  • Physical Examination(ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)၊
  • Eye Test(မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ)၊
  • Hearing Test(နားအကြားအာရုံစစ်ဆေးခြင်း)၊
  • FBS (သွေးထဲရှိသကြားဓာတ်အားတိုင်းတာခြင်း)၊
  • Thyroid Screening (TSH, Free T3, Free T4) (လည်ပင်းကြီးရောဂါရှိ/မရှိစစ်ဆေးခြင်း)၊
  • Liver Function Test (အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း)၊
  • T&DP (albumin, globulin) (ခန္ဓာကိုယ်အတွင်းရှိပရိုတင်းဓာတ်များ တိုင်းတာခြင်း)၊
  • Cholesterol(သွေးထဲရှိအဆီဓာတ်တိုင်းတာခြင်း)၊
  • USG(Abd+pelvis)(ဝမ်းဗိုက်တခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း)တို့ပါဝင်ပါသည်။

#Bahosihospital #Healthy #Weight

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

Program(အစီအစဉ်) Healthy Weight
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း Physical Examination
 
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Test
 
နားအကြားအာရုံစစ်ဆေးခြင်း Hearing Test
 
အစာမစားမီသွေးထဲရှိသကြားဓါတ်တိုင်းတာခြင်း FBS
 
သိုင်းရိုက်ဟော်မုန်းဓါတ်စစ်ဆေးခြင်း TSH
 
Thyroid Screening Free T3, Free T4
 
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test
 
ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်များ တိုင်းတာခြင်း T&DP (albumin,globulin)
 
သွေးထဲရှိအဆီဓာတ်စစ်ဆေးခြင်း Cholesterol
 
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း USG(Abd+pelvis)
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့မှအပနေ့စဉ် နံနက် ၈နညရီမှညနေ ၄နာရီအထိ ကျန်မာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8am to 4pm daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)