Services
128-slice CT Scanner Optima CT 660

128-slice CT Scanner Optima CT 660

128-slice CT Scanner Optima CT 660 သည် GE Healthcare company မှ ထုတ်လုပ်သော 128 slice CT စက်ဖြစ်ပါသည်။ ၄င်းစက်၏ထူးခြားချက်များအနက် လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သောအချက်မှာ CT ရိုက်ရာတွင် ASiR နည်းပညာကို အသုံးပြုထားသည့် အတွက် ဓာတ်ရောင်ခြည်သင့်မှု ( Radiation dose) ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် 40% မှ 83% အထိ လျှော့ချပေးနိုင်စွမ်းရှိပါသည်။ ကလေးများအား CT ရိုက်ရာတွင်လည်း များစွာအကျိုးရှိပါသည်။

 128-slice CT Scanner Optima CT 660 ၏အားသာချက်များ

  • -ရိုက်ကူးချိန်စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည့်အတွက် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေတွင် လူနာကို သက်သောင့်သက်သာနှင့် လွယ်ကူလျင်မြန်စွာ ပုံရိပ်ဖော်နိုင်ပေးခြင်း၊

  • -ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများကို အပါးလွှာဆုံး (0.625mm slice) အထိရိုက်ကူးပေးနိုင်သည့် ထူးခြားသော စွမ်းဆောင်ရည် ရှိခြင်း၊

  • -ပုံရိပ်များကို လိုအပ်သလို ပြန်လည် ပုံဖော်နိုင်ခြင်း၊ (Reconstruction)

  • -သွေးကြောများကိုလည်း အသေးစိတ်ကြည့်ရှုနိုင်ခြင်း၊

  • -တစ်သျှူးများကို မည်သည့်ဝင်ရိုးဖြင့် ပိုင်းဖြတ်၍ ရိုက်ကူးထားသည်ဖြစ်စေ မူလ၀င်ရိုးဖြင့် ရိုက်ကူးထားသကဲ့သို့ ပုံရိပ်များကို ပြန်လည်တည်ဆောက်ပြီး အသေးစိတ်ကြည့်ရှုနိုင်ခြင်း၊

  • -သုံးဖက်ညီ ရုပ်လုံးကြွ ပုံရိပ်ဖော်နိုင်ပေးခြင်း၊(3D)

  • -ကျောက်ကပ်လုပ်ဆောင်မှု ကျဆင်းခြင်း၊အဆုတ်သွေးကြော များတွင် သွေးခဲပိတ်ဆို့ခြင်း၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် နှင့် ပန်ကရိယ ကင်ဆာကဲ့သို့ ရောဂါများတွင် ကင်ဆာကျိတ်၏ တည်နေရာ၊ အရွယ်အစား၊ရောဂါပျံ့နှံ့မှု အတိုင်းအတာ တို့ကိုသိရှိနိုင်ခြင်း၊

  • -5 စက္ကန့်မျှ အသက်ရှူအောင့်ပေးရုံနှင့် 3D Coronary Vessel image ရရှိနိုင်ခြင်း၊ရိုက်ကူးချိန်မှာ 6 စက္ကန့်မျှသာကြာသောကြောင့် Movement Blurring မဖြစ်နိုင်ခြင်း၊ နှလုံးခုန်နှုန်း မတည်ငြိမ်ခြင်းကြောင့် ဖြစ်လာသော Artifact ကို လျော့နည်းစေနိုင်ခြင်း၊

  • -ရုတ်တရက် လေဖြတ်သော လူနာများတွင် စောလျင်စွာ ကုသမှု ပေးနိုင်ရန် Perfusion Scan ရိုက်ကူနိုင်ခြင်း၊

  • -CT Intravenous Contrast Medium ထိုး၍ ရိုက်ရာတွင် သွေးကြောထဲသို့ Contrast Medium မရောက်မီအချိန်၊ သွေးလွှတ်ကြောများထဲသို့ ဖြတ်ချိန်နှင့် သွေးပြန်ကြောများထဲသို့ ရောက်သော အချိန် သုံးမျိုးလုံးတွင် (Three phase) ပုံရိပ်ကို ဖော်နိုင်ခြင်းဖြင့် ကိုယ်အင်္ဂါ အဖွဲ့အစည်းများ၏ ရောဂါအခြေအနေ ကို တိကျစွာ သိရှိနိုင်ခြင်း၊

next »