Services
ကွန်ပျူတာဓာတ်မှန် (128-slice CT Scanner Optima CT 660)

ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အသေးစိတ် သုံးဖက်မြင်ပုံရိပ်များ ရရှိလိုသောအခါ CT Scan စက်များကို အသုံးပြုရပါသည်။ CT Scan စက်များကို အသုံးပြု၍ ကျန်းမာရေးစစ်ဆေးခြင်းဖြင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ မုတ်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ကဲ့သို့သော ကင်ဆာရောဂါများကို ဖော်ထုတ်သိရှိနိုင်ပါသည်။ CT Scan စက်များ အသုံးပြုခြင်းအားဖြင့် ကင်ဆာအလုံးတည်ရှိမှုကို အတည်ပြုနိုင်ခြင်း၊ ကင်ဆာအလုံးအရွယ်အစားအားတိုင်းတာနိုင်ခြင်း၊ ကင်ဆာအလုံး၏ တည်နေရာအတိကျကို သိရှိနိုင်ခြင်း၊ အနီးပတ်ဝန်းကျင်ရှိအသားစများကို ကင်ဆာအလုံးမှ ဖျက်ဆီးထားသည့်ပမာဏအား သိရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

ဦးခေါင်းကို CT Scan ရိုက်ကြည့်ခြင်းအားဖြင့် ဦးနှေက်အတွင်း သွေးယိုစီးမှု ရှိ/မရှိ သွေးကြောများဖောင်းပွခြင်း ရှိ/မရှိ ၊ ဦးခေါင်းအတွင်းအလုံးအကြိတ်များ ရှိ/မရှိတို့ကိုသိရှိနိုင်ပါသည်။ ၀မ်းဗိုက်ပိုင်းကို CT Scan ရိုက်ကြည့်ခြင်းအားဖြင့် ၀မ်းဗိုက်ပိုင်းအတွင်း အလုံးအကျိတ် ရှိ/မရှိကို ရှာဖွေသိရှိနိုင်သည့်အပြင် ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ဘေလုံး၊ ကျောက်ကပ်၊ အသည်းကဲ့သို့ ၀မ်းဗိုက်တွင်းအင်္ဂါများ စုတ်ပြဲထိခိုက်ခြင်း ရှိ/မရှိကိုလည်း ရှာဖွေသိရှိစေနိုင်ပါသည်။
CT Scan ကို အသုံးပြုခြင်းအားဖြင့် ပုံမှန်မဟုတ်သော အသားစများကို ရှာဖွေသိရှိနိုင်ပါသည်။ ထို့ကြောင့်ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အသားစအဖြေယူခြင်းတို့ပြုလုပ်ရာတွင် CT Scan ကို ကြိုတင်ရိုက်ခြင်းဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကုသရမည့်နေရာ၊ အသားစယူရမည့်နေရာတို့အား နေရာအတိအကျ သိရှိစေရန် အထောက်အကူပြုပါသည်။ CT Scan ကို အသုံးပြုခြင်းဖြင့် အရိုးရောဂါ၊ အရိုး၏သိပ်သည်းမှု၊ ကျောရိုးဆစ်များ၏ အနေအထား စသည်တို့ကိုလည်း သိရှိနိုင်ပါသည်။ ခြေထောက်၊ လက၊် ထိခိုက်ဒဏ်ရာရရှိမှုများကို CT Scan ရိုက်ခြင်းအားဖြင့် ထိခိုက်ဒဏ်ရာရမှု၏ အတိမ်အနက်ကို သိရှိနိုင်ပါသည်။ သေးငယ်သော အရိုးစကလေးများအထိ ထိခိုက်ဒဏ်ရာရမှုကို ရှင်းလင်းစွာသိမြင်နိုင်သောကြောင့် CT Scan သည် အလွန်အသုံးဝင်သော နည်းပညာတစ်ခုဖြစ်ပါသည်။

  CT Scan အသုံးပြုခြင်းအကျိုးကျေးဇူးများမှာ

  • (၁) CT Scan သည် X-ray (ဓာတ်မှန်ရောင်ခြည်) ကို အသုံးပြုသည်။

  • (၂) ကင်ဆာ၊ နမိုးနီးယားနှင့် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုများကို ကြည့်ရှုရာတွင် CT Scan ကပိုမိုကောင်းမွန်ပါသည်။

  • (၃) ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုတ်ပြဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကို ကြည့်ရှုရာတွင် CT Scan က ပိုမိုသင့်လျှော်ပါသည်။ မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရလျှင် CT Scan ကို အရင်ဆုံးရိုက်သင့်ပါသည်။

  • (၄) အရိုးကျိုးခြင်း၊ ခါးဆစ်ရိုးကျိုးခြင်းတို့ကို ကြည့်ရှုရာတွင် CT Scan က ပိုမိုသင့်လျှော်ပါသည်။

  • (၆) အဆုတ်နှင့် အဆုတ်နှစ်မွှာကြားရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကြည့်ရှုရာတွင် CT Scan က ပိုမိုကောင်းမွန်ပါသည်။

« previous