ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံကြီးရှိ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် Japan နိုင်ငံမှထုတ်လုပ်သော Nipro 55 Plus HD စက်၊ Nikkiso HD စက် စသော ခေတ်မှီ HD Machine 17 လုံးကို အသုံးပြုကာ အတွေ့အကြုံရှိ၍ကျွမ်းကျင်သော ဆရာဝန်၊ဆရာမများနှင့် သူနာပြုကျန်းမာရေးဝန်ထမ်းများမှ ကျောက်ကပ် သွေးသန့်စင်ခြင်းကို ဆီးနှင့်ကျောက်ကပ်သမားတော်ကြီးများ၏ ညွန်ကြားချက်အတိုင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
Operation Hours တစ်နေ့လျှင် 3 Sessions ဖြင့်
ကျောက်ကပ်သွေးသန့်စင်ရာတွင်လူနာများအတွက်အကောင်းဆုံးနှင့်အရည်အသွေးပြည့်မီသောဝန်ဆောင်မှုဖြစ်စေရန်အတွက် အောက်ပါအချက်များနှင့်ကိုက်ညီအောင်စီစဉ်ဆောင်ရွက်ထားရှိပါသည်။
ရေရှည် ကျောက်ကပ်သွေးသန့်စင်ရပါက လူနာများ အတိုင်းအတာတစ်ခုအထိ ကုန်ကျစရိတ်သက်သာစေရန်အတွက် အကြိမ်၅၀ကျော်ပါက အကြိမ်အရေအတွက်ပေါ်မူတည်၍ Discount နှုန်းထားဖြင့် အသီးသီးဆောင်ရွက်ပေးနေပြီး ကျောက်ကပ်သွေးသန့်စင်မှု နှင့် ပတ်သက်၍ Booking ယူလိုခြင်း၊ အသေးစိတ်သိရှိလိုခြင်းများအတွက် ဗဟိုရ်စည်ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။