SILVER PACKAGE
ယနေ့အချိန်အခါ မိမိတို့ပတ်ဝန်းကျင်တွင် ကူးစက်စေသောရောဂါများ (သို့) မကူးစက်စေသောရောဂါများ (ဥပမာ-ကင်ဆာ/ အဝလွန်/နှလုံး)ဖြစ်ပွားမှုများသည် အသက်အရွယ် ၊ကျားမ မရွေးပိုမိုများပြားစွာဖြစ်ပွား သေဆုံးလျက်ရှိနေသည်ကို တွေ့ မြင်နေရပါတယ်။
“ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်းမွန်သည်” ဆိုသည့်အတိုင်း မိမိတွင်ဖြစ်ပေါ်နိုင်သော ရောဂါများကို ကြိုတင်သိရှိမှသာ ကာကွယ်ခြင်း၊စောလျင်စွာထိန်းချုပ်ကုသခြင်းဖြင့် အကုန်အကျနည်းပါးစွာ မိမိ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါတယ်။
Medical Check-up ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါတယ်-
- ရောဂါဖြစ်စေနိုင်သော Risk ကိုလျော့ချနိုင်ခြင်း၊
- ရောဂါကို ဆောလျင်စွာသိရှိနိုင်ခြင်း၊
- ရောဂါကို ဆောလျင်စွာ ကုသနိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ခြင်း၊
- မိမိရှိရင်းစွဲရောဂါ အခံ၏ နောက်ဆက်တွဲဆိုးကျိုးကို စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊
- မိမိကျန်းမာရေးအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေနိုင်ခြင်း၊
- ရောဂါရင့်မှ ကုသရခြင်းထက် ကုန်ကျမှုစရိတ်သက်သာစေခြင်း၊
- မိမိကျန်းမာရေးအတွက် ဆရာဝန်များဖြင့် ပိုမိုတိုင်ပင်နိုင်ခြင်း၊
- အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် Quality of Life ကို ပိုမိုရရှိနိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူများကိုရရှိစေနိုင်မှာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်က မိဘပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်သည့်ကိစ္စအဝဝကိုသိရှိစေရန် အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင် အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Silver Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိရောဂါအခြေအနေများကို သိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါကသက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။
“ လူသားအားလုံးကျန်မာစေချင်သည်ဗဟိုရ်စည်”
- 09-441144886
- 01-2300631 ext : 4515, 4001, 4002
- အမှတ်(၁-၆)၊ ဗဟိုရ်စည်၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Program(အစီအစဉ်) Age(အသက်အပိုင်းအခြား) |
Silver | Gold | Diamond | ||
---|---|---|---|---|---|
Male | Female | ||||
14-30 | 30-45 | 45 up | |||
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting | ||||
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening | ||||
နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening | ||||
သွေးဆဲလ်များအားဓါတ်ခွဲစစ်ဆေးခြင်း | Complete Blood Picture | ||||
သွေးထဲရှိသကြားဓါတ်အားတိုင်းတာခြင်း Blood Sugar Screening | FBS | ||||
HbA1C | |||||
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test | SGPT | ||||
SGOT | |||||
Alkaline Phosphatase | |||||
GGT | |||||
Bilirubin(Total Bilirubin) | |||||
T & DP (Albumin,Globulin) | |||||
ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test | BUN/Urea | ||||
Creatinite | |||||
လည်ပင်းကြီးရောဂါရှိ/မရှိစစ်ဆေးခြင်း Thyroid Screening | TSH | ||||
T4 | |||||
ဂေါက်/ ဒူလာရောဂါရှိ / မရှိစစ်ဆေးခြင်း | Uric Acid | ||||
သွေးထဲရှိအဆီဓါတ်တိုင်းတာခြင်းLipid Profile | Cholesterol | ||||
Triglceride | |||||
HDL | |||||
LDL | |||||
VLDL | |||||
C/H Ratio | |||||
အသည်းကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း | AFP | ||||
အူလမ်းကြောင်းကင်ဆာဇီဝအမှတ်သားတိုင်းတာခြင်း | CEA | ||||
ဆီးကျိတ်ကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း | Total PSA,Free PSA | ||||
ပန်ကရိယ / အူမကြီးကင်ဆာ ဇီ၀အမှတ်အသား | CA 19-9 | ||||
ရင်သားကင်ဆာ ဇီ၀အမှတ်အသား | CA 15-3 | ||||
သားဥအိမ်ကင်ဆာ ဇီ၀အမှတ်အသား | CA 125 | ||||
ဆီးစစ်ဆေးခြင်း | Urine Exam | ||||
ဝမ်းစစ်ဆေးခြင်း | Stool Exam | ||||
ရင်ဘတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း | Computerized Chest X-ray | ||||
အီးစီဂျီစစ်ဆေးခြင်း | ECG | ||||
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း | Ultrasound Whole Abdomen | ||||
အရိုးသိပ်သည်းဆတိုင်းတာခြင်း(ခါးရိုးနှင့်တင်ပါးဆုံ) Cervix Screening |
Dexa Scan Lumber and Both Hip | ||||
သားအိမ်ခေါင်းကင်ဆာအသားစစစ်ဆေးခြင်း Cervix Screening |
Thin prep pap smear test |
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့မှအပနေ့စဉ် နံနက် ၈နညရီမှညနေ ၄နာရီအထိ ကျန်မာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8am to 4pm daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4515), 4001, 4002 (ရုံးချိန်ပြင်ပ)