ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ
 
ဗီတာမင်ဒီသည် ခန္ဓာကိုယ်အတွင်းရှိအစိတ်အပိုင်းများ လုပ်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပြီး ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ပမာဏကို ထိန်းညှိပေး၍ ပုံမှန်ကိုယ်ခံအားစနစ် လုပ်ဆောင်မှုကို လွယ်ကူစေနိုင်ရန်ကူညီပေးပါသည်။ အရိုး၊ သွားများနှင့် ကြွက်သားများကို  ကျန်းမာစေရန်အတွက် ဗီတာမင်ဒီ အာဟာရ ဓာတ်များကိုလိုအပ်ပါသည်။ ဗီတာမင်ဒီပုံစံ နှစ်မျိုးရှိပြီး D2 (စားသောက်သောအစားအစာများ၊ ဆေးဝါးများ ကရတာ)၊ D3 (နေရောင်ခြည်ထိတွေ့မှုကရတာ) ဟူ၍ရှိပြီး အချို့သောအစားအစာများ၊ ဖြည့်စွက်ပစ္စည်းများမှ တစ်ဆင့် ဗီတာမင်ဒီကိုလည်းရရှိနိုင်ပါသည်။
 
⛳️ဗီတာမင်ဒီလျော့နည်းခြင်းကြောင့်ဆက်နွယ်သောလက္ခဏာများ
ဗီတာမင်ဒီလျော့နည်းခြင်းက ကလေးများတွင်ဖြစ်တတ်သော Ricket ကဲ့သို့သော အရိုးချို့ယွင်းမှုများနှင့် အရွယ်ရောက်သောသူများတွင် အရိုးနာကျင်မှုတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။ ဗီတာမင်ဒီသည် ကိုယ်ခန္ဓာ၏အရိုးများနှင့် ကြွက်သားများကို ကျန်းမာစေရန်လိုအပ်သည့်အပြင် ခိုင်ခံ့သောကိုယ်ခံအားစနစ်ကို တည်ဆောက်ရန်မရှိမဖြစ် လိုအပ်သောအာဟာရဓာတ်တစ်ခုဖြစ်ပါသည်။ ဗီတာမင်ဒီချို့တဲ့သော လူကြီးများတွင် နူးညံ့သောအရိုးများဖြစ်စေနိုင်ပြီး အားနည်းသောအရိုးများသည် အရိုးသိပ်သည်းမှုကိုလည်း ဆုံးရှုံးစေနိုင်သောကြောင့် ရိုးဆက်ရောင်ရမ်းနာဟုခေါ်သည့် အခြေအနေသို့ဦးတည်သွားနိုင်ပါသည်။
 
⛳️ဗီတာမင်ဒီ၏အရေးပါမှု
ဗီတာမင်ဒီသည် ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ် စုပ်ယူမှုအတွက်အရေးပါပြီး ကျန်းမာသောအရိုးများ ဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေနိုင်ပါသည်။ လုံလောက်သော ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီရရှိခြင်းက အရိုးဆုံးရှုံးမှုကို နှေးကွေးစေနိုင်ပြီး ရိုးဆက်ရောင်ရမ်းနာကို တားဆီးနိုင်ကာ အရိုးကျိုးပဲ့မှုများကို လျော့နည်းစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြနေပါသည်။ သို့သော် ရိုးဆက်ရောင်ရမ်းနာကို ကာကွယ်ရန် (သို့မဟုတ်) ကုသရန် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဖြည့်စွက်ချက်များကို မသုံးစွဲမီ ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။ မျိုးရိုး ကြောင့်ဖြစ်ပေါ်သော အရိုးရောဂါများအတွက်လည်း ဗီတာမင်ဒီကို အသုံးပြုနိုင်ကြောင်းလေ့လာမှုများအရ သိရပါသည်ခင်ဗျာ။ ထို့အပြင်ဗီတာမင်ဒီကို အလွန်အကျွံစားသုံးခြင်းက အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းကိုလည်း ပညာရှင်များကဖော်ပြထားပါသည်။ ဗီတာမင်ဒီသည် ခိုင်ခံ့သောအရိုးများအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်ပြီး ဗီတာမင်ဒီချိုတဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအန္တရာယ်များကို လျော့နည်းစေနိုင်ရန်အတွက် ဗီတာမင်ဒီဖြည့်စွက်ပစ္စည်းများကိုဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုသင့်ပါသည်ခင်ဗျာ။
 
⛳️ဗီတာမင်ဒီ၏အရေးပါသော အာဟာရဓာတ် လုံလုံလောက်လောက်ရရှိရန် အရေးကြီးသောကြောင့် ဗီတာမင်ဒီ၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
👉ဗီတာမင်ဒီသည် သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း၊
👉ကြွက်သားလုပ်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ခြင်း၊
👉သင့်နှလုံးကို ကျန်းမာစေနိုင်ခြင်း၊
👉ဦးနှောက်ဖွံ့ဖြိုးမှုတွင် ကူညီပေးနိုင်ခြင်း၊
👉ကလေးများတွင်ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက်ကူညီပေးနိုင်ခြင်း၊
👉ဗီတာမင်ဒီသည် နာတာရှည်နဗ်ကြောရောဂါနှင့် စိတ်ကျဝေဒနာအန္တရာယ်ကိုလည်း လျော့နည်းစေနိုင်ခြင်းစသော အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။
⛳️အကြံပြုထားသော ဗီတာမင်ဒီ ပမာဏ
သက်ကြီးရွယ်အိုများစွာသည် နေရောင်ခြည်ပုံမှန်ထိတွေ့မှုမရှိလျှင် ဗီတာမင်ဒီစုပ်ယူရန်အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့်အကြံပြုထားသောနေ့စဉ် ဗီတာမင်ဒီမမာဏမှာ အသက်(၁၂)လ ကျော်ကလေးများအတွက် နိုင်ငံတကာ ယူနစ် ၄၀၀(IU) ဖြစ်ပြီး၊ အသက် ၁၂နှစ် မှ ၇၀နှစ်အရွယ်များအတွက် ၆၀၀(IU) နှင့် အသက် (၇၀)ကျော် အရွယ်များအတွက် ၈၀၀(IU) တို့ဖြစ်ပါသည်။
သင့်လျော်သော ဗီတာမင်ဒီသုံးစွဲမှုကို အများအားဖြင့် ဘေးကင်းသည်ဟုမှတ်ယူကြသော်လည်း အကယ်၍သင်၌ ဗီတာမင်ဒီချို့တဲ့မှု (သို့မဟုတ်) ရောဂါလက္ခဏာများကြုံတွေ့နေရသည့် အန္တရာယ်အကြောင်းအရင်းများရှိပါက သင့်အဆင့်များကိုစစ်ဆေးရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ပေးသော 🧑‍⚕️👩‍⚕️ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူသင့်ပါသည်။
 
🎯🎯မိမိ၏အရိုးကျန်းမာရေးအတွက် စစ်ဆေးကုသလိုပါက ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Bone Wellness Check-Up Package (အရိုးကျန်းမာရေးစစ်ဆေးခြင်း) ဖြင့်စစ်ဆေးဆောင်ရွက် ပေးနေပါသည်ခင်ဗျာ။
 
“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”
 
Bahosi Medical Check-Up Department.
☎️Phone 01-2300631(Hot Line), 2300502 to 2300514, Ext-4504, 4505, 4001, 4002, 4010
🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ရန်ကုန်။
 
✉️Email: bahosihospital@gmail.com
📧 Web Mail: bahosihospital@bahosihospital.com
📡Website: www.bahosihospital.com

⇒More Health Info⇐