Fallopian Tube Recanalization (သားဥပြွန်လမ်းကြောင်းပိတ်နေခြင်းကြောင့် သားသမီးမရနိုင်ခြင်းအား ကုသခြင်း)

⛳Fallopian Tube Recanalization (သားဥပြွန်လမ်းကြောင်းပိတ်နေခြင်းကြောင့် သားသမီးမရနိုင်ခြင်းအား ကုသခြင်း) 

သားသမီးလိုချင်သော ဇနီးမောင်နှံများတွင် တစ်ခါတစ်ရံအကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလအတန်ကြာ မရရှိဘဲဖြစ်နေတတ်ပါသည်။ အမျိုးသား (သို့) အမျိုးသမီးဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် သားသမီးမရနိုင်ခြင်းများထဲမှ အကြောင်းအရာတစ်ခုဖြစ်သော အမျိုးသမီး၏သားဥပြွန်ပိတ် နေခြင်းအား ဆေးရုံတက်စရာ၊ ခွဲစိတ်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။

⛳သားဥပြွန်လမ်းကြောင်းစစ်ဆေးကုသရန်ဘာတွေပြင်ဆင်ဖို့လိုမှာလည်း❓

👉ပထမဦးစွာ မိမိတို့ဘာကြောင့် သားသမီးမရဘဲဖြစ်နေခြင်းအား သားဖွားမီးယပ်အထူးကုဆရာဝန် တစ်ဦးဦးနှင့် ပြသတိုင်ပင်စစ်ဆေးရန်လိုပါမည်။

👉သားသမီးမရ ရခြင်းသည် အမျိုးသမီး၏ သားဥပြွန်လမ်းကြောင်းဆိုင်ရာကြောင့်ဖြစ်ပါက သက်ဆိုင်ရာသားဖွားမီးယပ်အထူးကုဆရာဝန်၏ ညွှန်ကြားမှုဖြင့် Interventional Radiologist ဖြင့် တိုင်ပင်ဆောင်ရွက်ရပါမည်။

👉ပထမဦးစွာ သားအိမ်ခေါင်းမှတဆင့်ပုံရိပ်ဖော်ဆေးရည် ဆေးသွင်းရိုက်ကူး၍ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ်အား ကြည်ရှုစစ်ဆေးခြင်း Hysterosalpingogram (HSG) ဆောင်ရွက်ပါသည်။ ထိုသို့ ပုံရိပ်ဖော်စစ်ဆေးကြည့်ရာတွင် သားဥပြွန်လမ်းကြောင်းများ ပိတ်နေပါက သေးငယ်သော Guide Wire ကိုအသုံးပြု၍ လမ်းကြောင်းပြန်ပွင့်စေရန် Fallopian Tube Recanalization ကို ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”