Fallopian Tube Recanalization

Fallopian Tube Recanalization(သားဥပြွန်လမ်းကြောင်းချဲ့ခြင်း)

သားဥပြွန်လမ်းကြောင်းပိတ်နေခြင်းကြောင့် သားသမီးမရနိုင်ခြင်းအားကုသခြင်း (Fallopian Tube Recanalization) သားသမီးလိုချင်သော  ဇနီးမောင်နှံများတွင် တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလအတန်ကြာ သားသမီးမရရှိဘဲဖြစ်နေတတ်ပါသည်။ အမျိုးသား (သို့) အမျိုးသမီး ဘက်တွင် အကြောင်း အမျိုးမျိုးကြောင့် သားသမီးမရနိုင်ခြင်းများထဲမှ အကြောင်းအရာတစ်ခုဖြစ်သော အမျိုးသမီး၏ သားဥပြွန်ပိတ်နေခြင်းအား ဆေးရုံတက်စရာ၊ ခွဲစိတ်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။ သားသမီးမရ/ရခြင်းသည် အမျိုးသမီး၏ သားဥပြွန်လမ်းကြောင်းဆိုင်ရာကြောင့်ဖြစ်ပါက သက်ဆိုင်ရာသားဖွားမီးယပ်အထူးကုဆရာဝန်၏ ညွှန်ကြားမှုဖြင့် Interventional Radiologist  ဖြင့်တိုင်ပင်ဆောင်ရွက်ရပါမည်။ ပထမဦးစွာ သားအိမ်ခေါင်းမှတဆင့်ပုံရိပ်ဖော်ဆေးရည် ဆေးသွင်းရိုက်ကူး၍ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ်အား ကြည်ရှုစစ်ဆေးခြင်း Hysterosalpingogram (HSG) ဆောင်ရွက်ပါသည်။ ထိုသို့ ပုံရိပ်ဖော်စစ်ဆေးကြည့်ရာတွင် သားဥပြွန်လမ်းကြောင်းများ ပိတ်နေပါက သေးငယ်သော Guide Wire ကိုအသုံးပြု၍ လမ်းကြောင်းပြန်ပွင့်စေရန် Fallopian Tube Recanalization ကို ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”