TRANSARTERIAL CHEMOEMBOLIZATION (TACE)

 
TRANSARTERIAL CHEMOEMBOLIZATION (TACE) (အသည်းဆေးဖြန်းကုသခြင်း)
 
TACE နည်းပညာဆိုသည်မှာ Interventional Radiology နည်းပညာအသုံးပြု၍ အသည်းကင်ဆာအကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေး၀ါးသွင်းကာ သွေးကြာပိတ်ဆို့အောင်ပြုလုပ်သည့်နည်း (Embolization) ကိုအသုံးပြုသည့် ကုထုံးဖြစ်ပါသည်။ TACE နည်းပညာ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာအကျိတ်ကို အဓိကထောက်ပံ့နေသော သွေးကြောထဲသို့ ဓာတုဆေးဝါးများ တိုက်ရိုက်ထိုးသွင်း၍ ကင်ဆာဆဲလ်များသေစေခြင်းဖြင့် ကင်ဆာအကျိတ်အရွယ်အစားသေးစေရန်နှင့် ကင်ဆာကျိတ်ကြီးထွားမှုကို နှေးစရန်ဖြစ်ပါသည်။ ကင်ဆာအားအမြစ်ပြတ်ကုသသည့် နည်းလမ်းမဟုတ်ပါ။ ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအပေါ်မူတည်၍ ထပ်မံကုသမူခံယူရန်လည်း လိုအပ်နိုင် ပါသည်။
 
ဘာကြောင့်ဖြစ်တာလည်း?
  • အသည်းရောင် ဘီ ပိုး၊ စီ ပိုး၊
  • အရက်၊
  • ဆိုးဆေးနှင့် Aflatoxinပါသောအစားအသောက်များ၊
ကုသနိုင်သောနည်းများ
  •  အသည်းဆေးဖြန်းခြင်း (TACE)၊
  • ခွဲစိတ်ကုသခြင်း၊
  • ဓာတ်ရောင်ခြည်လှိုင်းဖြင့်ကုသခြင်း (Radio Frequency Ablation)၊
  • အသည်းအစားထိုးကုသခြင်း၊
 
အသည်းကင်ဆာဆေးဖြန်းကုသရန်အတွက်
  • အသည်းအထူးကု ဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဦးနှင့်ပြသစစ်ဆေးရန်လိုပါမည်။
  • ၄င်းတို့၏ ညွှန်ကြားမှုဖြင့် အသည်းကင်ဆာဆေးဖြန်းကုသေးမည့် ဓာတ်မှန်အထူးကုဆရာဝန်ကြီး (Consultant Interventional Radiologist ) ဖြင့် တိုင်ပင်ဆောင်ရွက်ရပါမည်။
  • အသည်းဆေးဖြန်းကုသမှုအတွက် ပုံမှန်အားဖြင့် ဆေးရုံတစ်ရက်ခန့်တက်ရောက်ရပါမည်။ ကုသမှုဆောင်ရွက်ပြီးသောအခါ မိမိပြသလျှက်ရှိသော အသည်အထူးကု ဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးဖြင့်ဆက်လက်ပြသရန်လိုအပ်သလို ဓာတ်မှန်အထူးကုဆရာဝန်ကြီး (Consultant Interventional Radiologist) နှင့်လည်းဆက်လက်ပြသရပါမည်။
# Liver_Cancer
# Bahosi_Hospital

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”