Medical Services

Who We Are
Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no. 31-36,1-2, 5-6, ဗဟိုရ်စည်ဆေးရုံကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “လူသားအားလုံး ကျန်းမာစေချင်သည့် ဗဟိုရ်စည် (Health for All)” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက် ရှိပါသည်။ ဗဟိုရ်စည်ဆေးရုံသည် ခုတင် (၁၅၀) ဆေးရုံဖြစ်ပြီး လမ်းမတော်မြို့နယ် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုရ်စည်အိမ်ယာဝင်းအတွင်း တည်ရှိပါသည်။ ဝါးတန်းလမ်းဘက်မှ ဝင်လိုက်သည်နှင့် ပေါ်တီကိုအောက်တွင် အသင့်စောင့်ဆိုင်းနေသော လေ့ကျင့်သင်ကြားထားသည့် ဝန်ထမ်းများက ခရီးဦးကြိုပြုပါသည်။ လူနာအား ကူ၍တွဲကာ OPD (ပြင်ပလူနာ) ပြသမည့်သူဆိုလျှင် ဘယ်ဘက်အဆောက်အဦး (Building B) သို့သွားရန် ၊ ဆေးရုံတက်မည့် လူနာဖြစ်ပါက ညာဘက်အဆောက်အဦး (Building-A) သို့သွားရန် လိုက်လံပို့ဆောင် ညွှန်ပြပေးပါသည်။ကားမောင်းသူကို အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စီစဉ်ပေးပါသည်။
Health Info

တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာ အစားထိုးခွဲစိတ်ကုသခြင်း

သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ပြောကြားချက်အရ သွေးတိုးခြင်းသည် လေဖြတ်ခြင်း၏ အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟုဆိုထားပါသည်။ အသံတိတ်လူသတ်သမားဟုခေါ်သော သွေးတိုးရောဂါကို မကုသဘဲထားပါက လေဖြတ်ခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်အားနည်းခြင်းများအပြင်

သွေးတိုးခြင်းနှင့် ကျောက်ကပ်ရောဂါ
သွေးတိုးခြင်းနှင့် ကျောက်ကပ်ရောဂါ
သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် လူကြီး၊ လူငယ်၊ ကျားမ အသက်အရွယ်မရွေး အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပြီး ကြာလာသည်နှင့်အမျှ နှလုံး၊ အဆုတ်၊ မျက်စိ၊ ဦးနှောက်နှင့် ကျောက်ကပ်ကဲ့သို့သော အင်္ဂါများကို ထိခိုက်ပျက်စီးစေပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပါသည်။

လည်ပင်းကြီးပေါင်းကြောင့် စိတ်ညစ်နေပါသလား

ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေလား ဗဟိုရ်စည်ဆေးရုံကြီးကို သတိရလိုက်ပါ။
ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေလား ဗဟိုရ်စည်ဆေးရုံကြီးကို သတိရလိုက်ပါ။

အကောင်းဆုံးနှင့်စိတ်အချရဆုံး ဓါတ်ခွဲခန်း
ကျန်းမာရေးစစ်ဆေးဖို့ အကောင်းဆုံးနှင့်စိတ်အချရဆုံး ဓါတ်ခွဲခန်းကိုရှာနေပါသလား Bahosi Laboratory ကိုသတိရလိုက်ပါ။

မိုးရာသီနှင့် အအေးမိတုပ်ကွေးရောဂါ
မိုးရာသီနှင့် အအေးမိတုပ်ကွေးရောဂါ
ယ္ခုလိုကျောင်းဖွင့်တဲ့အချိန် မိုးရာသီကာလမှာ ဆေးရုံဆေးခန်းများ၌ ဖျားနာသောကလေးများနှင့် လူကြီးများဖြင့် ပြည့်နှက်နေပြီး အတော်များများသည်ပြင်းထန်သော အအေးမိတုပ်ကွေးရောဂါခံစားနေရတာကို တွေ့နေရပါတယ်ခင်ဗျာ။

အစာအိမ်ရောင်ခြင်းနှင့် ကျန်းမာရေး
အစာအိမ်ရောင်ခြင်းနှင့်ကျန်းမာရေး
အစာအိမ်ရောင်ခြင်းသည် ပျို့အန်ခြင်းနှင့် အစာမကြေခြင်းတို့ကိုဖြစ်စေနိုင်ပြီး အခြားသောအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကိုပါဖြစ်စေနိုင်ပါသည်။

ခြေထောက်သွေးကြောထုံးခြင်း (Varicose Veins)
ခြေထောက်သွေးကြောထုံးခြင်း (Varicose Veins)
သွေးကြောထုံးခြင်းဆိုသည်မှာ သွေးပြန်ကြောအတွင်း သွေးများကောင်းစွာလည်ပတ်မှုမရှိခြင်းကြောင့်ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်ပါသည်။ သွေးကြောထုံးခြင်းသည် သွေးပြန်ကြောရှိသည့် ခန္ဓာကိုယ်နေရာအနှံ့တွင်ဖြစ်နိုင်ပြီး အများအားဖြင့် ခြေထောက်တွင်အဖြစ်များသည်ဟုဆိုထားပါသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ
Testimonials

Thein Nyunt

Maih Te

Wah Wah Lay

“Ent Maw” Account ပိုင်ရှင်၏ ရင်တွင်းစကား
ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် ကုသမှုခံယူသွားသောလူနာများအနေဖြင့် မိမိတို့ဆေးရုံ၏ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကိုအဆင်ပြေစွာဖြင့်စိတ်ကျေနပ်မှုရရှိကြောင်း ပြန်လည်ကြားသိရပြီး ဝန်ဆောင်မှုများအပြည့်အဝပေးနိုင်သည့်အတွက် အရမ်းကိုဂုဏ်ယူဝမ်းမြောက်ရပါတယ်ခင်ဗျာ။ အခုလို ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံ၏ Face Book Page တွင် Comment ရေးပေးသော“Ent Maw” account ပိုင်ရှင်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။
Ent Maw

ဒေါ်မေဇင်ညို၏ ရင်တွင်းစကား
ယခုလို ကိုဗစ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆီးကျောက်တည်ရောဂါခံစားနေရမှုအား ဗဟိုရ်စည်ဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ပြသကာ(၂၇. ၁၁. ၂၀၂၀)နေ့၌ တက်ရောက်ခွဲစိတ်ကုသမှုခံယူခဲ့ရာတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးမှ စေတနာအပြည့်ဖြင့်ဂရုစိုက်ကုသပေးခဲ့ပြီး ဗဟိုရ်စည်ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုများကလည်း ဝန်ဆောင်မှုကောင်းပြီးဘေးကင်းစွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးကုဆရာဝန်ကြီးနှင့် ဗဟိုရ်စည်ဆေးရုံမှဝန်ထမ်းများကို အရမ်းကျေးဇူးတင်ကြောင်းပြောကြား Feedback ပေးခဲ့သောလူနာ ဒေါ်မေဇင်ညိုအား ဗဟိုရ်စည်ဆေးရုံမိသားစုမှ ကျေးဇူးတင်ရှိကာ ဝမ်းသာပီတိဖြစ်ရပါသည်ခင်ဗျာ။