Interventional Radiology Department

What is Interventional Radiology (IR)

Interventional Radiology (IR) ဆိုသည်မှ X-Ray, Ultrasound, Computed Tomography (CT), Magnetic Resonance Imaging (MRI) စသည်တို့ကို အသုံးပြု၍ ရောဂါရှာဖွေပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါဖြစ်နေသော နေရာအား Angio Machine ကိုအသုံးပြု၍ ထိခိုက်မှုအနည်းဆုံးဖြင့် တိကျမှန်ကန်စွာ ကုသပေးခြင်းဖြစ်ပါသည်။ IR ကုသမှုတွင် အရေပြားမှ သေးငယ်သော အပေါက်ဖောက်၍ သွေးကြောမှတဆင့် သေးငယ်သော Microcatheter ထည့်ကာ ၎င်းမှတဆင့် သေးငယ်သော Guide Wire ဖြင့်ထည့်သွင်းပြီး ပုံရိပ်ဖော်ဆေးရည်ဖြင့် ပုံရိပ်ဖော်ကြည့်ရှူ၍ လိုအပ်သောရောဂါ ရှာဖွေကုသပေးခြင်းဖြစ်ပါသည်။

အကျိုးကျေးဇူးများမှာ

Interventional Radiology သည် Minimal Invasive နည်းဖြင့် ရောဂါဖြစ်ပွားသောနေရာအား ဘေးအန္တရာယ်အနည်းဆုံးဖြင့်တိကျစွာ ပုံရိပ်ဖော်ကုသခြင်းဖြစ်သောကြောင့်

  • သမားရိုးကျ အကြီးစားခွဲစိတ်ခြင်းကဲ့သို့ လူနာမှမခံစားရခြင်း၊
  • ဆေးရုံတွင်ရက်ကြာရှည်စွာ တက်ရောက်ကုသရန်မလိုခြင်း၊
  • ကုသမှုခံယူပြီး စောလျင်စွာ ပုံမှန် လှုပ်ရှားသွားလာနိုင်ခြင်း နှင့်
  • လုပ်ငန်းခွင်သို့စောလျင်စွာပြန်လည်ဝင်နိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

Interventional Radiology Department တွင်ကုသနိုင်သောရောဂါများမှာ

  • TRANSARTERIAL CHEMOEMBOLIZATION (TACE)(အသည်း ဆေးဖြန်းကုသခြင်း)၊
  • PERCUTANEOUS TRANSHEPATIC CHOLANGIOGRAPHY (PTC) (သည်းခြေလမ်းကြောင်းဆိုင်ရာ ပုံရိပ်ဖေါ်ကုသခြင်း)၊
  • AVF/AVG ANGIOPLASTY (သွေးလွှတ်/သွေးပြန်ကြော လမ်းကြောင်းချဲ့ခြင်း၊ ဒေါက်ထောက်ခြင်း)၊
  • HYSTEROSALPINGOGRAM(HSG) (သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းစစ်ဆေးခြင်း)၊
  • FALLOPAIN TUBE RECANALIZATION (သားဥပြွန်လမ်းကြောင်းချဲ့ခြင်း၊ ဖွင့်ခြင်း)၊
  • THROMBOLYSIS (သွေးကြောတွင်ဖြစ်ပေါ်သော သွေးခဲဖျော်ခြင်း)၊
  • FLUORO GUIDED BIOPSIES (ပုံရိပ်ဖော် အသားစယူခြင်း)၊
  • DRAINAGE CATHETER INSERTION (ခန္ဓာကိုယ်တွင်းအရည်အိတ်များကို အရည်ဆင်းပိုက်ထည့်ကုသခြင်း)၊
  • VENOGRAM / ARTERIOGRAM (သွေးလွှတ်ကြော၊ သွေးပြန် ကြောတွင်းသို့ ပုံရိပ်ဖော်ဆေးသွင်းခြင်းနှင့် ပုံရိပ်ဖော်ရောဂါရှာဖွေခြင်း)၊

များကို ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီးများဦးဆောင်ပြီးခေတ်မီစက်ကိရိယာကြီးများကိုအသုံးပြုကာ လူနာများ၏ရောဂါအခြေအနေများသက်သာပျောက်ကင်းပြီးစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်အတွက် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေပါသည်

Interventional Radiology Department

  • Interventional Radiologyသည် Minimal Invasive နည်းဖြင့် ရောဂါဖြစ်ပွားသောနေရာအား ဘေးအန္တရာယ် အနည်းဆုံးဖြင့်တိကျစွာ ပုံရိပ်ဖော်ကုသခြင်းဖြစ်သောကြောင့် သမားရိုးကျ အကြီးစားခွဲစိတ်ခြင်း ကဲ့သို့ လူနာမှမခံစားရခြင်း၊
  • ဆေးရုံတွင်ရက်ကြာရှည်စွာ တက်ရောက်ကုသရန်မလိုခြင်း၊
  • ကုသမှုခံယူပြီး စောလျင်စွာ ပုံမှန် လှုပ်ရှားသွားလာနိုင်ခြင်း နှင့်
  • လုပ်ငန်းခွင်သို့စောလျင်စွာ ပြန်လည်ဝင်နိုင်ခြင်း စသောအကျိုးကျေး ဇူးများရရှိနိုင်ပါသည်။

TRANSARTERIAL CHEMOEMBOLIZATION (TACE) (အသည်းဆေးဖြန်းကုသခြင်း)

 
TACE နည်းပညာဆိုသည်မှာ Interventional Radiology နည်းပညာအသုံးပြု၍ အသည်းကင်ဆာအကျိတ်ကို ထောက်ပံ့ပေးလျှက်ရှိသော သွေးကြောထဲသို့ ဓာတုဆေး၀ါးသွင်းကာ သွေးကြာပိတ်ဆို့အောင်ပြုလုပ်သည့်နည်း (Embolization) ကိုအသုံးပြုသည့် ကုထုံးဖြစ်ပါသည်။ TACE နည်းပညာ၏ အဓိကရည်ရွယ်ချက်မှာ အသည်းကင်ဆာအကျိတ်ကို အဓိကထောက်ပံ့နေသော သွေးကြောထဲသို့ ဓာတုဆေးဝါးများ တိုက်ရိုက်ထိုးသွင်း၍ ကင်ဆာဆဲလ်များသေစေခြင်းဖြင့် ကင်ဆာအကျိတ်အရွယ်အစားသေးစေရန်နှင့် ကင်ဆာကျိတ်ကြီးထွားမှုကို နှေးစရန်ဖြစ်ပါသည်။ ကင်ဆာအားအမြစ်ပြတ်ကုသသည့် နည်းလမ်းမဟုတ်ပါ။ ပထမအကြိမ်ပြုလုပ်သော တုံ့ပြန်မှုအပေါ်မူတည်၍ ထပ်မံကုသမူခံယူရန်လည်း လိုအပ်နိုင်ပါသည်။
 

ဘာကြောင့်ဖြစ်တာလည်း

  • အသည်းရောင် ဘီ ပိုး၊ စီ ပိုး၊
  • အရက်၊
  • ဆိုးဆေးနှင့် Aflatoxinပါသောအစားအသောက်များ၊
ကုသနိုင်သောနည်းများ
  • အသည်းဆေးဖြန်းခြင်း (TACE)၊
  • ခွဲစိတ်ကုသခြင်း၊
  • ဓာတ်ရောင်ခြည်လှိုင်းဖြင့်ကုသခြင်း (Radio Frequency Ablation)၊
  • အသည်းအစားထိုးကုသခြင်း၊
 
အသည်းကင်ဆာဆေးဖြန်းကုသရန်အတွက်
  • အသည်းအထူးကု ဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဦးနှင့်ပြသစစ်ဆေးရန်လိုပါမည်။
  • ၄င်းတို့၏ ညွှန်ကြားမှုဖြင့် အသည်းကင်ဆာဆေးဖြန်းကုပေးမည့် ဓာတ်မှန်အထူးကုဆရာဝန်ကြီး (Consultant Interventional Radiologist) ဖြင့် တိုင်ပင်ဆောင်ရွက်ရပါမည်။
  • အသည်းဆေးဖြန်းကုသမှုအတွက် ပုံမှန်အားဖြင့် ဆေးရုံတစ်ရက်ခန့်တက်ရောက်ရပါမည်။ ကုသမှုဆောင်ရွက်ပြီးသောအခါ မိမိပြသလျှက်ရှိသော အသည်အထူးကုဆရာဝန်ကြီး (သို့) ခွဲစိတ်ဆရာဝန်ကြီးဖြင့်ဆက်လက်ပြသရန်လိုအပ်သလို ဓာတ်မှန်အထူးကုဆရာဝန်ကြီး (Consultant Interventional Radiologist) နှင့်လည်းဆက်လက်ပြသရပါမည်။

Percutaneous Transhepatic Cholangiogram (PTC) (သည်းခြေလမ်းကြောင်းဆိုင်ရာ ပုံရိပ်ဖေါ် ကုသခြင်း)

PTC သည် သည်းခြေပြွန်များကို ထိခိုက်စေသည့် အခြေအနေအမျိုးမျိုးဖြစ်သည့် သည်းခြေပြွန်များ ပိတ်ဆို့ခြင်းများ၊ တင်းကျပ်ခြင်း (သို့မဟုတ်) မူမမှန်ခြင်းများ၊ သည်းခြေပြွန်ထိခိုက်စေသည့် အခြေအနေများကို ခွဲစိတ်စရာ မလိုဘဲ Interventional Radiology Procedure ဖြင့် PTC ကို ကျွမ်းကျင်သော Interventional Radiologist များက Bahosi Interventional Radiology Centre တွင်အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်ခင်ဗျာ။

PTBD (Percutaneous Transhepatic Biliary Drainage)

အကြောင်းအမျိုးမျိုး (Tumor, Stones, Infection, etc) တို့ကြောင့် သည်းခြေလမ်းကြောင်းပိတ်ဆို့၍ ဖြစ်ပေါ်နေသော ဆိုးကျိုးများသက်သာစေရန် ခွဲစိတ်စရာမလိုပဲ Interventional Radiology Procedure ဖြင့် သည်းခြေလမ်းကြောင်းအားပွင့်စေရန်ဆောင်ရွက်ခြင်း PTBD ကို Bahosi Interventional Radiology Center တွင်ဆောင်ရွက်ပေးလျက်ရှိပါသည်ခင်ဗျာ။         

AVF Plasty
AVF (Arteriovenous Fistula) Plasty
နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ၏ ကျောက်ကပ်ဆေးရာတွင် အသုံးပြုရသော AVF များသည် တစ်ခါတစ်ရံ ကျဥ်းခြင်း၊ ပိတ်ခြင်း များဖြစ်ပေါ်၍ ပုံမှန် ကျောက်ကပ်သန့်စင်အခက်အခဲဖြစ်နေခြင်းတို့အား Bahosi Interventional Radiology Center တွင် အတွေ့အကြုံရှိ Intervention Radiologist များဖြင့် တိုင်ပင်၍ ကုသနိုင်ပါသည်။

Oesophageal Stenting (ခွဲစိတ်ရန်မလိုဘဲ အစာမျိုပြွန်ထဲသို့ STENT ထည့်ခြင်း)

ခွဲစိတ်ရန်မလိုဘဲ အစာရေမျိုပြွန် ပိတ်နေခြင်းအား အစာရေမျိုပြွန်ထဲသို့ STENT ထည့်ကုသခြင်းဖြစ်ပါသည်။ အစာရေမျိုပြွန်ကင်ဆာနှင့် ကင်ဆာအကြိတ်ကြီးထွားမှုကြောင့် အစာရေမျိုပြွန်လမ်းကြောင်း ပိတ်နေသော လူနာများအနေဖြင့် အစာ၊ ရေ မျိုမရဖြစ်နေခြင်းများကို….

ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ IR (Interventional Radiology) ဌာနတွင် အစာရေမျိုပြွန်ထဲသို့ Endoscopy ပိုက်ပျော့ / သေးငယ်သော Guide Wire ကိုအသုံးပြု၍ Fluo-Machine ဖြင့်ကြည့်ကာ ကျဉ်းနေသော အစာရေမျိုပြွန်ကို ချဲ့ရန်အတွက် STENT ထည့်ခြင်းများကို အထူးကျွမ်းကျင်သော ဓာတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး (Interventional Radiologist ) များက ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ အကောင်းဆုံး ဆောင်ရွက်ပေးနေပါသည်။ အစာရေမျိုပြွန် ပိတ်နေခြင်းအား အစာရေမျိုပြွန်ထဲသို့ STENT ထည့်ကုသခြင်းဖြင့် ၂၄နာရီအတွင်း အစာရေမျိုပြွန် ပြန်ပွင့်သွားပြီး ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်ဖြင့် မူလပုံမှန်အတိုင်း အစာ၊ ရေ များကို ပြန်လည်စားသောက်နိုင်မှာဖြစ်ပါသည်။

သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းစစ်ဆေးခြင်း Hysterosalpingogram (HSG)

သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအား ကြိုတင်သိရှိပြီး ကာကွယ်ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Interventional Radiologist Centre တွင် ခွဲစိတ်ကုသရန်မလိုဘဲ Hysterosalpingogram (HSG) သားအိမ်နှင့် သားဥပြွန်လမ်းကြောင်း စစ်ဆေးကုသခြင်းကို ကျွမ်းကျင်သော Interventional Radiologist များက Bahosi Interventional Radiology Centre တွင်အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်ခင်ဗျာ။

HSG ဆိုတာဘာလဲ❓

ပထမဦးစွာ သားအိမ်ခေါင်းမှတစ်ဆင့် သေးငယ်သော Guide Wire ကိုအသုံးပြု၍ ပုံရိပ်ဖော်ဆေးရည် ဆေးသွင်း ရိုက်ကူးပြီး သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပိတ်/မပိတ်၊ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ် အား ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာ မလိုဘဲ Interventional Radiology နည်းပညာဖြင့် ကြည့်ရှုစစ်ဆေးကုသခြင်းဖြစ်ပါသည်။ HSG ပြုလုပ်ခြင်းသည် သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းတွင် မူမမှန်မှုများကို ချက်ချင်းသိရှိနိုင်သောကြောင့် အမျိုးသမီးဆိုင်ရာ ကျန်းမာရေးပြဿနာများကို စောလျှင်စွာ ကာကွယ်ကုသမှုများပြုလုပ်နိုင်ပြီး မလိုအားအပ်သော ကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

ဘယ်လိုလူမျိုးတွေ HSG ပြုလုပ်သင့်ပါသလဲ

ကလေးရရန်ခက်ခဲပြီး ကိုယ်ဝန်ခဏခဏမမြဲသူများ၊

သားအိမ်ခွဲစိတ်မှုခံယူပြီးသောသူများ၊

အမျိုးသမီးရောဂါခံစားနေရသူများ တို့သည် HSG ပြုလုပ်သင့်ပါသည်။

HSG ပြုလုပ်ရန်အကောင်းဆုံးအချိန်

ရာသီစက်ဝန်း ၇ ရက်မှ ၁၀ ရက်ကြားတွင် HSG ပြုလုပ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ဓမ္မတာလာပြီး နောက် HSG လုပ်ဆောင်ခြင်းက သားအိမ်အတွင်းနှင့် သားအိမ်ပြွန်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့စေနိုင်ခြင်း ကြောင့်ဖြစ်ပါသည်။

ထို့အပြင်အမျိုးသမီးများ ကိုယ်ဝန်ရှိနေပါက HSG မပြုလုပ်သင့်ပါ၊ တင်ပါးဆုံနားတစ်ဝိုက် ရောင်ရမ်းခြင်းများနှင့် သားအိမ်အတွင်းမှသွေးဆင်းခြင်းများရှိပါက HSG မပြုလုပ်သင့်ပါ။ HSG ပြုလုပ်ရန် (သင့်/မသင့်) ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Radiofrequency Ablation (RFA) ရေဒီယိုအသံလှိုင်းကိုအသုံးပြု၍ အပူပေးကုသခြင်း

ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Interventional Radiology (IR) ဌာနတွင် ရေဒီယိုအသံလှိုင်းသုံး၍ အပူပေးကုသခြင်း (Radiofrequency Ablation RFA) နည်းပညာကိုအသုံးပြုကာ အသည်း၊ အဆုတ်၊ ကျောက်ကပ်နှင့် အရိုးများတွင် သေးငယ်သော ကင်ဆာ အကျိတ်အမျိုးအစားအချို့ကို ဖျက်ဆီးရန် သို့မဟုတ် ရောဂါလက္ခဏာသက်သာစေရန်အတွက် အသေးငယ်ဆုံးသော ခွဲစိတ်ရာဖြင့် အရေပြားမှတဆင့် အပ်သွားရမည့်လမ်းကြောင်းကို အာထရာဆောင်း၊ CT-Scan၊ MRI ကဲ့သို့သော ပုံရိပ်ဖော်စက်ဖြင့် လမ်းကြောင်းကြည့်ပြီး ကုသမှုပေးနေပါသည်ခင်ဗျာ။

လူတစ်ဦးချင်းစီအတွက် RFA ကုသမှုလုပ်ဆောင်ရန်သင့်လျော်ခြင်းရှိမရှိကို အကျိတ် (သို့မဟုတ်) တစ်ရှူးများ၏ အရွယ်အစားနှင့်တည်နေရာ၊ လူနာ၏ဆေးမှတ်တမ်းနှင့် အလုံးစုံကျန်းမာရေး အခြေအနေများစွာပေါ်မူတည်ပြီး RFA ကုသမှုဆုံးဖြတ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Radiofrequency Ablation (RFA) ပြုလုပ်ခြင်းဖြင့်

  • နာကျင်မှုကိုရပ်တန့်နိုင်ခြင်းနှင့် လျှော့ချနိုင်ခြင်း၊
  • အရေပြားနှင့် တစ်ရှူးများထိခိုက်မှုအနည်းဆုံးဖြင့်ကုသနိုင်ခြင်း၊
  • အကိုက်အခဲပျောက်ဆေးအသုံးပြုမှုအရေအတွက်ကိုလျှော့ချနိုင်ခြင်း၊
  • ကုသမှုပြီးပါက မကြာမီ အိမ်ပြန်နိုင်ခြင်း၊
  • ပြန်လည်နာလန်ထချိန်မြန်ဆန်ခြင်း၊
  • တစ်ရက်နှစ်ရက်ကြာပြီးနောက် ရေချိုးခြင်းအပါအဝင် ပုံမှန်လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။

Radiofrequency Ablation Process ကဘယ်လောက်ကြာလဲ

  • ကုသမှုတည်နေရာနှင့် အရေအတွက်ပေါ်မှုတည်ပြီး ၁၅ မိနစ် မှ ၂ နာရီအထိကြာနိုင်ပါသည်။

RFA ပြုလုပ်ပြီးနောက်တွင်

  • ကုသမှုပြီးနောက်အိမ်တွင်အနားယူပါ၊
  • ၂၄ နာရီအတွင်း ကားမောင်းခြင်းနှင့် ပြင်းပြင်းထန်ထန်အလုပ်လုပ်ခြင်းများရှောင်ကြဉ်ပါ၊
  • ဆရာဝန်မှ ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ပါ၊

အကယ်၍ ဆေးထိုးအပ်ထည့်သည့်နေရာ၌ ပြင်းထန်စွာနာကျင်ခြင်း၊ နီခြင်း(သို့မဟုတ်) ရောင်ရမ်းခြင်း၊ လက် (သို့မဟုတ်) ခြေထောက်တွင် အားနည်းခြင်း(သို့မဟုတ်) ထုံကျဉ်မှုတိုးလာခြင်းများ ခံစားရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်။

Fallopian Tube Recanalization (သားဥပြွန်လမ်းကြောင်းပိတ်နေခြင်းကြောင့် သားသမီးမရနိုင်ခြင်းအား ကုသခြင်း) 

သားသမီးလိုချင်သော ဇနီးမောင်နှံများတွင် တစ်ခါတစ်ရံအကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလအတန်ကြာ မရရှိဘဲဖြစ်နေတတ်ပါသည်။ အမျိုးသား (သို့) အမျိုးသမီးဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် သားသမီးမရနိုင်ခြင်းများထဲမှ အကြောင်းအရာတစ်ခုဖြစ်သော အမျိုးသမီး၏သားဥပြွန်ပိတ် နေခြင်းအား ဆေးရုံတက်စရာ၊ ခွဲစိတ်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။

သားဥပြွန်လမ်းကြောင်းစစ်ဆေးကုသရန်ဘာတွေပြင်ဆင်ဖို့လိုမှာလည်း

ပထမဦးစွာ မိမိတို့ဘာကြောင့် သားသမီးမရဘဲဖြစ်နေခြင်းအား သားဖွားမီးယပ်အထူးကုဆရာဝန် တစ်ဦးဦးနှင့် ပြသတိုင်ပင်စစ်ဆေးရန်လိုပါမည်။

သားသမီးမရ ရခြင်းသည် အမျိုးသမီး၏ သားဥပြွန်လမ်းကြောင်းဆိုင်ရာကြောင့်ဖြစ်ပါက သက်ဆိုင်ရာသားဖွားမီးယပ်အထူးကုဆရာဝန်၏ ညွှန်ကြားမှုဖြင့် Interventional Radiologist ဖြင့် တိုင်ပင်ဆောင်ရွက်ရပါမည်။

ပထမဦးစွာ သားအိမ်ခေါင်းမှတဆင့်ပုံရိပ်ဖော်ဆေးရည် ဆေးသွင်းရိုက်ကူး၍ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ်အား ကြည်ရှုစစ်ဆေးခြင်း Hysterosalpingogram (HSG) ဆောင်ရွက်ပါသည်။ ထိုသို့ ပုံရိပ်ဖော်စစ်ဆေးကြည့်ရာတွင် သားဥပြွန်လမ်းကြောင်းများ ပိတ်နေပါက သေးငယ်သော Guide Wire ကိုအသုံးပြု၍ လမ်းကြောင်းပြန်ပွင့်စေရန် Fallopian Tube Recanalization ကို ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာမလိုဘဲ Interventional Radiology နည်းပညာဖြင့် အောင်မြင်စွာ ကုသပေးခြင်းပဲဖြစ်ပါတယ်။