Bone DEXA

Bone DEXA ဆိုသည်မှာ အရိုးသိပ်သည်းဆကိုတိုင်းတာသည့် ပုံရိပ်စမ်းသပ်ချက်တစ်ခုဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အရိုးဆုံးရှုံးမှုကိုကာကွယ်နိုင်ရန်အတွက် ရိုးဆက်ရောင်ရမ်းနာနှင့် အရိုးပါး၊ အရိုးပွရောဂါများအပြင် အရိုးထိခိုက်ကျိုးလွယ်မှုများ မဖြစ်ပေါ်စေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်ပတ်သက်ပြီး အန္တရာယ်ဖြစ်စေနိုင်သော အသေးစိတ်အချက်အလက်များကို ကြိုတင်သိရှိနိုင်ရန်အတွက် စစ်ဆေးမှုများပြုလုပ်ခြင်းဖြစ်ပါသည်။ အရိုးပွရောဂါ (Osteoporosis)သည် အသက်အရွယ်ကြီးသော အမျိုးသမီးများတွင် အဖြစ်များတက်သော်လည်း အမျိုးသားများတွင်လည်းဖြစ်နိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးသိပ်သည်းဆလည်း တဖြည်းဖြည်းကျလာတက်ပါသည်။ တစ်ခါတစ်ရံ မည်သည် လက္ခဏာမှမပြပဲ သာမာန်ထိခိုက်မှုလေးဖြင့် အရိုးကျိုးမှသာ သိရှိတတ်ကြပါသည်။ အထူးသဖြင့် ‌တင်ပဆုံရိုး၊ ကျောရိုးမကြီးနှင့် လက်ကောက်ဝတ်ရိုးတို့တွင် အဖြစ်များတက်ပါသည်။

ဘယ်လိုလူတွေအဖြစ်များလည်း?

  • အသက် (၅၀) ကျော် အမျိုးသမီးများ(အထူးသဖြင့် သွေးဆုံးပြီးသောအမျိုးသမီးများ)
  • မိသားစုတွင် အရိုးပွရောဂါ ဖြစ်ဖူးသောရာဇဝင်ရှိသူများ
  • အကြောင်းအမျိုးမျိုးကြောင့်သားမျိုးဥ (၂)ဖက်စလုံးထုတ်ထားရသူများ
  • အချိန်စောလျင်စွာ သွေးသားဆုံးသူများ
  • အစားအသောက်တွင် ကယ်လ်စီယမ်ဓာတ်မပြည့်ဝစွာစားသုံးသူများ
  • ကိုယ်လက်လေ့ကျင့်ခန်း အလုပ်နည်းသူများ
  • ဆေးလိပ်သောက်သုံးသူများ
  • အရိုးပွစေသော ဆေးများရေရှည်စွဲသောက်နေရသူများ
  • မိမိပင်ကိုယ် အရိုးအဆစ်သေးသောသူများ

ဘယ်လိုစစ်ဆေးရမလည်း?

မိမိတွင် အထက်ပါ အကြောင်းအရာများနှင့်တိုက်ဆိုင်နေပါက-

  • အရိုးဖြစ်တည်မှုနှင့်သက်ဆိုင်သော သွေးစစ်ဆေးမှုများ (သက်ဆိုင်ရာဆရာဝန်နှင့်ပြသ စစ်ဆေး၍ရပါသည်။)
  • အရိုးသိပ်သည်းဆကို ပုံရိပ်ဖော်တွက်ချက်တိုင်တာခြင်း ( Bone Density Test)

အရိုးသန်မာစေရန် ဆောင်ရန်/ရှောင်ရန်

  • (Calcium နှင့် Vitamin D ပါဝင်သော အစားအစာများ လုံလောက်စွာစားသုံးသင့်ပါသည်။ (လိုအပ်ပါက အဆိုပါ ဓာတ်များပါဝင်သောဆေးများသောက်သုံးသင့်ပါတယ်)
  • Weight Bearing Exercise များကိုပုံမှန် ဆောင်ရွက်သင့်ပါတယ်။
  • အလေးမခြင်း၊ချော်လဲခြင်း စသည်တို့မဖြစ်စေရန် ဂရုစိုက်သင့်ပါတယ်။
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဥ်သင့်ပါတယ်။
  • အရိုးပွစေနိုင်သော အကြောင်းအရာ တစ်ခုခုရှိပါက အရိုးပွခြင်းရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ဖြင့် စနစ်တကျ ပြသကုသသင့်ပါသည်။

မိမိကိုယ်ကို အရိုးပွရောဂါအတွက်သံသယ ကင်းစွာနေ့စဥ်ဘဝကိုဖြတ်သန်းနိုင်စေရန် အရိုးပွခြင်းစမ်းသပ်စစ်ဆေးမှုများဖြစ်သောသွေးစစ်ခြင်းနှင့် (Bone DEXA Scan) ရိုက်ခြင်းအား ဗဟိုရ်စည်ဆေးရုံတွင် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”