Oncology Center

ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ ကင်ဆာဆေးသွင်းကုသဌာနအား ဖွင့်လှစ်ထားသည်မှာ (၁၀)စုနှစ် တစ်ခုကျော်ကြာမြင့်ခဲ့ပြီး နေ့စဉ်နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ပိတ်ရက်မရှိအတွေ့အကြုံရင့်ကျက်၍ ကျွမ်းကျင်သောဆေးဝါးပညာရှင်များနှင့် သူနာပြုများက ဆေးပြင်ဆင်ခြင်း၊ ဆေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။ ကင်ဆာဆေးသွင်းကုသရာတွင် ဆေး၏အရည်အသွေးမပျက်စီးစေရန် ဆေးပြင်ဆင်ခြင်းများကို အခန်းတွင်စနစ်တကျပြင်ဆင်ပေးထားပါသည်။ ကင်ဆာဆေးသွင်းနေစဉ်အတွင်း လူနာကိုလုံခြုံစိတ်ချမှုရှိစေရန်အတွက် သန့်ရှင်းသက်ရပ်၍သက်တောင့်သက်သာရှိစေသောကုတင်တို့ဖြင့် လူနာကိုစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်အတွက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

  • ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများမှ ညွှန်ကြားထားသော ကင်ဆာဆေးသွင်းကုထုံးများကို အတွေ့အကြုံရှိ တာဝန်ကျဆရာဝန်/ဆရာများ ၊ ကျွမ်းကျင်သော သူနာပြုကျန်းမာရေးဝန်ထမ်းများမှ ဆေးဖျော်ခြင်း၊ ဆေးသွင်းခြင်းများကို ပြုလုပ်ပေးခြင်း၊
  • ဈေးနှုန်းသက်သာ၍ သန့်ရှင်းသပ်ရပ်သော အခန်းများနှင့် လူနာများသက်သောင့်သက်သာ ဆေးသွင်းနိုင်ရန် ကုတင်များထားရှိခြင်း၊
  • ကင်ဆာဆေးဖျော်စပ်ရာတွင် Biosafety Cabinet အားအသုံးပြု၍ ပြင်ဆင် ဖျော်စပ်ခြင်း၊
  • ကင်ဆာဆေးသွင်းရာတွင် ဆေးသွင်းနှုန်းပမာဏ အတိအကျဖြစ်စေရန် Infusion Pumpများအသုံးပြုကာဆေးသွင်းပေးခြင်း၊
  • ကင်ဆာဆေးသွင်းစဉ် လူနာများအား တာဝန်ကျကျန်းမာရေးဝန်ထမ်းများမှ အချိန်ပြည့် အနီးကပ်စောင့်ရှောက်မှုပေးခြင်း၊
  • ကင်ဆာဆေးသွင်းကုသရာတွင် ကြိုတင်ရက်ချိန်းယူစရာမလိုဘဲ နာမည်စာရင်းပေးသွင်းခြင်းဖြင့် အမြန်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊
  • ကင်ဆာဆေးသွင်းကုသရန် 👉လူနာဟောင်းများ👈အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ BOC ဌာနမှ လူနာများကို ဖုန်းကြိုတင်ဆက်ပေးခြင်းဖြင့် နာမည်စာရင်းပေးသွင်းခြင်းများကိုဆောင်ရွက်ပေးခြင်း၊
  • ကျွမ်းကျင်သောကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများမှ ညွှန်ကြားထားသောဆေးများကို လိုအပ်တဲ့ပမာဏအတိအကျထိန်းညှိပေးခြင်းဖြင့် ဆေးသွင်းခြင်းကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊
  • နေ့စဉ်ပိတ်ရက်မရှိ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ စသည့်ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးနေပါသည်။

ကင်ဆာဆေးသွင်းခြင်းအတွက် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဝန်ဆောင်မှု ကုန်ကျစာရိတ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက လူကိုယ်တိုင်လာရောက်၍သော်လည်ကောင်း၊ ဖုန်းဆက်၍သော်လည်ကောင်း ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

ကင်ဆာဆေးသွင်းကုသဌာနအား ဖွင့်လှစ်ထားသည်မှာ (၁၀)စုနှစ် တစ်ခုကျော်ကြာမြင့်ခဲ့ပြီး နေ့စဉ်နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ပိတ်ရက်မရှိအတွေ့အကြုံရင့်ကျက်၍ ကျွမ်းကျင်သော ဆေးဝါးပညာရှင်များနှင့် သူနာပြုများက ဆေးပြင်ဆင်ခြင်း၊ ဆေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။ ကင်ဆာဆေးသွင်းကုသရာတွင် ဆေး၏အရည်အသွေးမပျက်စီးစေရန် ဆေးပြင်ဆင်ခြင်းများကို အခန်းတွင် စနစ်တကျပြင်ဆင်ပေးထားပါသည်။ ကင်ဆာဆေးသွင်းနေစဉ်အတွင်း လူနာကိုလုံခြုံစိတ်ချမှုရှိစေရန်အတွက် သန့်ရှင်းသပ်ရပ်၍ သက်တောင့်သက်သာရှိစေသော ကုတင်တို့ဖြင့် လူနာကို စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန်အတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။