Intensive Care Unit

  • အထူးကြပ်မတ်ကုသရန် လိုအပ်နေသော ခွဲစိတ်ပြီးလူနာများ၊ ပြင်းထန်စွာ ရောဂါဝေဒနာခံစားနေရသောလူနာများအား ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ အနီးကပ်စောင့်ရှောက်၍ အထူးကြပ်မတ်ကုသပေးခြင်း၊
  • အထူးကြပ်မတ်ကုသဆောင်သို့ ဝင်ရောက်လာသော အရေးပေါ်လူနာများ၏ သွေးထဲတွင်ရှိသောအောက်ဆီဂျင်ပမာဏ (PaO2 )ကို ABG (Arterial Blood Gas) စက်ဖြင့်ချက်ချင်းသွေးဖောက်စစ်ဆေးပေးနိုင်ပြီး လူနာ၏အသက်ကို အမြန်ဆုံးကယ်တင်နိုင်အောင် ဆောင်ရွက်ထားရှိခြင်း၊
  • အဆုတ်နှင့်ပတ်သက်ပြီး အသက်ရှူကျပ်၍ ချွဲသလိပ်ထွက်ရန် ခက်ခဲနေသောလူနာများကိုလည်း နိုင်ငံတစ်ကာအဆင့်မီ (Cough Assist Machine) စက်ဖြင့် ချွဲသလိပ်ထွက်ရန်လွယ်ကူအောင်နှင့် အသက်ရှူရလွယ်ကူအောင်(Breathing Exercise)ပြုလုပ်ပေးခြင်း၊
  • ဆီးဆိပ်(Creatinine)တက်၍ အဆုတ်ရေမွန်းနေပြီး အရမ်းမောနေသော အရေးပေါ်(APO)လူနာများကိုလည်း ICU ဌာနမှာ အသက်ရှူစက်ဖြင့်ကုသပေးပြီး လိုအပ်လျှင် ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ဆီးဆိပ်များကို ချက်ချင်း ဖယ်ရှားသန့်စင်ပေးခြင်း(Hemodialysis) 
စသည်ဖြင့်အထူးကြပ်မတ်ကုသဆောင်သို့ ဝင်ရောက်လာသောလူနာများအား ICU Team မှ အထူးကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ နှင့် ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်အတိုင်း အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”