Endoscopy Center

OEC-OPTION ENDOSCOPY CENTER (အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့် ဌာန)

မိဘပြည်သူများ၏ စားသောက်နေထိုင်မှုပုံစံ (lifestyle , environment)တို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများသည် အခုနောက်ပိုင်းအဖြစ်များလာပြီး လူလတ်ပိုင်းအတွင်းမှာ ဖြစ်နိုင်ခြေပိုများကြောင်းလည်း သိရှိရပါသည်။ အစာအိမ်အနာရောဂါ စဖြစ်ပြီဆိုလျှင် ဆေးအမြဲသောက်နေရပြီး နှစ်ရှည်ကုသရသော ရောဂါတစ်ခုဖြစ်သောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများကို အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါအခြေအနေများကိုစောစီးစွာသိရှိပြီး တစ်ချိန်ထဲမှာပင် ကုသမှုခံယူနိုင်သောကြောင့် အကျိုးထိရောက်သော (Therapeutic & Effective Investigation)ရောဂါကုထုံးတစ်မျိုးဖြစ်ပါသည်။

GI Endoscopy ဆိုတာဘာလဲ?
(GI Endoscopy) ဆိုသည်မှာခန္ဓာကိုယ်အတွင်းပိုင်းရှိ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ရောဂါအခြေအနေများကို နာကျင်မှုမရှိ၊ မခွဲမစိတ်ဘဲ မှန်ပြောင်းပါသည့် ပျော့ပြောင်းသောလက်သန်းလုံးခန့်ပိုက်ငယ် (Fibre Optic Endoscope) ကို အသုံးပြု၍ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျောက်ပုံမှန်မဟုတ်သော ရောဂါအခြေအနေများကို ကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုကာ ရှာဖွေကုသခြင်းနှင့် ကုသခြင်းကိုတစ်ချိန်တည်းပြုလုပ်နိုင်သော နည်းပညာတစ်မျိုးဖြစ်ပါသည်။

ဘယ်လိုလူတွေကို စစ်ဆေးသင့်သလဲ?

  • အစာမစားမီ (သို့) စားပြီး ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊
  • အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း(အထူးသဖြင့် အသက်၄၀ နှင့်အထက်)
  • ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  • အစာနင်ခြင်း၊ အစာမျိုရခက်ခြင်း၊ အစာမျိုချရာတွင်နာခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း၊
  • ဝမ်းပျက်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်း၊
  • ဝမ်းအရောင် ကတ္တရာစေးကဲ့သို့ မည်းနက်သွားခြင်း၊ နီညိုရောင်(သို့) ရွံ့စေးရောင်ပြောင်းသွားခြင်း၊
  • သွေးဝမ်းသွားခြင်း၊ ချွဲများပါခြင်း၊ ဝမ်းသွားရာတွင်နာကျင်ခြင်း၊
  • ဝမ်းသွားပြီးနောက် ဝမ်းကျန်နေသကဲ့သို့ခံစားရခြင်း၊
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ချမ်းတုန်ဖျားခြင်း၊
  • အူမကြီးကင်ဆာ သံသယရှိသူများနှင့် ရောဂါမျိုးရိုးရှိသူများ၊

အစရှိသော ရောဂါလက္ခဏာများ ရုတ်ချည်း (သို့) ရေရှည်ခံစားနေရလျှင် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ကာ စစ်ဆေးကုသမှုခံယူသင့်ပါသည်။

ဗဟိုရ်စည်ဆေးရုံကြီး၏ မှန်ပြောင်းကြည့်ဌာန (Endoscopy Center) တွင်

  • အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(Upper GI Endoscopy – Gastroscopy)၊
  • အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း(Lower GI Endoscopy-Flexible Sigmoidoscopy & Colonoscopy )၊
  • သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (Endoscopic Retrograde Cholangio-Pancreaticography-ERCP)၊
  • အဆုတ်-အသက်ရှုလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (Bronchoscopy)၊
  • မှန်ပြောင်းနဲ့ကြည့်နေစဉ်သေးငယ်သော အသားလုံး(ကင်ဆာဖြစ်နိုင်ဖွယ်ရာအဖုအလုံးများ)ကိုတွေ့ရှိလျှင် တစ်ခါတည်း ဖြတ်ထုတ်ကုသပေးပြီး အသားစနမှုနာ(Biopsy)စစ်ဆေးနိုင်ရန် အသားစကို တစ်ခါတည်းထုတ်ယူပြီးစစ်ဆေးပေးခြင်၊
  • သွေးထွက်သောနေရာများတွေ့ရှိက သွေးတိတ်ဆေးထိုးခြင်း၊ ကလစ်ဖြင့်ဖမ်းခြင်း၊ သားရည်ကွင်းချည်ခြင်း၊ သွေးခဲဆေး(Histo Acryl) ထိုးခြင်း စသည်တို့ကို တစ်ပြိုင်နက် ကုသမှုပေးခြင်း၊
  • လူနာများ၏ကျန်းမာရေးဘေးကင်း၊ လုံခြုံ၊စိတ်ချရမှုရရှိစေရန်အတွက် ဝါရင့်အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေး၊ ထုံဆေးဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သောသူနာပြုများမှ နောက်ဆုံးပေါ်စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ လူကြီးမင်းတို့အား အတိကျဆုံးနှင့် အကောင်းဆုံး ကုသမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

လူနာများ၏ ကျန်းမာရေးဘေးကင်း၊ လုံခြုံ၊ စိတ်ချရမှုရရှိစေရန် အတွက် ဝါရင့် အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေး၊ထုံဆေးဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သောသူနာပြုများမှနောက်ဆုံးပေါ် စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ လူကြီးမင်းတို့အား အတိကျဆုံးနှင့် အကောင်းဆုံး အဖြေများ၊ ကုသမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်။