Medical Check up

SEE CHECK-UP INFO

GOLD CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏  Medical Check-Up Unit တွင် အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Gold Package များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။ 

SILVER CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Silver Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

DIAMOND CHECK-UP (အသက်အရွယ်လိုက်အထူးကျန်းမာရေးစစ်ဆေးခြင်း)

အသက်(၄၅)နှစ်အထက်အမျိုးသား၊ အမျိုးသမီးများအတွက်

ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၄၅)နှစ် အထက်အမျိုးသား၊ အမျိုးသမီးများအတွက် Diamond Package များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်။ Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရောဂါအခြေ အနေများကို သိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

POST COVID CHECK-UP (ကိုဗစ်ဖြစ်ပြီးသားသူများအတွက် ကျန်းမာရေးစစ်ဆေးခြင်း)

Covid Positive ဖြစ်ပြီးသောသူများအတွက် မိမိတို့၏ ကျန်းမာရေးကို ယခင်ထက် ပိုဂရုစိုက်နိုင်ဖို့ အထွေထွေကျန်းမာရေး အခြေအနေနှင့် ကိုယ်ခန္ခာ အတွင်းရှိ အင်္ဂါများ၏ ကောင်းမွန်မှု အခြေအနေကို သိရှိနိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံ၏ Post Covid Medical Check-Up Package များနှင့် မိတ်ဆက်ပေးချင်ပါသည်။ Covid 19 ရောဂါခံစားခဲ့ရသောလူနာများသည် မိမိတို့၏ ကိုယ်ခံအားစွမ်းရည် နှင့်ရောဂါထိခိုက်ခံစားရမှု အနည်းအများ ပေါ်မူတည်၍ မိမိကြိုက်နှစ်သက်ရာ Package ကိုရွေးချယ် ဝယ်ယူနိုင်ပြီး ရရှိတဲ့ အဖြေပေါ်မူတည်ပြီးလည်း လမ်းညွှန်မှုပေးသွားမှာဖြစ်လို့ အမှန်တကယ် အကျိုးရှိမှာသေချာပါသည်။ 

VIRAL SCREENING CHACK-UP (ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုး ရှိ/မရှိစစ်ဆေးခြင်း)

Viral screening ပြုလုပ်ခြင်းဖြင့် မိမိတွင် အသည်းရောင် အသားဝါ ရောဂါရှိမရှိ ကြိုတင်သိရှိပြီး စောစီးစွာ ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် ရောဂါကူးစက်နှုန်း လျော့ချနိုင်ပြီး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ 

PRE-EMPLOYMENT CHECK-UP (အလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း)

လုပ်ငန်းခွင်မဝင်မီ  ကျန်းမာရေးဆေးစစ်ဖို့ လိုအပ်နေသော အစ်ကို အစ်မ များနှင့် လုပ်ငန်းရှင်ကြီးများ၏ ဝန်ထမ်းများ အထွေထွေကျန်းမာရေးအတွက် Pre-Employment Check-up Package(A) နှင့် Pre-Employment Check up Package(B) တို့ဖြင့်ကျန်းမာရေးကို ကြိုတင်စစ်ဆေးပေးနေပါသည်။

FOOD HANDLER CHECK-UP (အစားသောက်ကိုင်တွယ်ချက်ပြုတ်သူများအတွက် ကျန်းမာရေးစစ်ဆေးမှု)

အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးသည် အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ အစားစာပြင်ဆင်သူများ၊ အစားအစာစီမံခန့်ခွဲသော သူများအတွက် ကူးစက်ရောဂါများ မဖြစ်ပေါ်စေရန်နှင့် အစားအစာဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ 

PRE-OPERATIVE CHECK-UP (ခွဲစိတ်ခြင်းမပြုလုပ်မီ အခြေခံကျန်းမာရေးစစ်ဆေးခြင်း)

မိဘပြည်သူများအနေဖြင့် ခွဲစိတ်မှုမတိုင်မီ မိမိကျန်းမာရေးအခြေအနေများကို (Pre-Operative Check-Up) စစ်ဆေးပြုလုပ်ခြင်းဖြင့် ခွဲစိတ်မှု သင့်တော်မတော် စသည့်အခြေအနေများကို ကြိုတင်သိရှိနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 

PRE-WEDDING CHECK-UP (မင်္ဂလာမောင်နှံများအတွက်ကျန်းမာရေး အထူးစစ်ဆေးခြင်း)

လက်မထပ်မီ ကိုယ့်အိမ်ထောင်ဖက်ချစ်သူ၏ ကျန်းမာရေးကိုစစ်ဆေးပေးခြင်းဖြင့်  ကြည်နူးစရာကောင်းသောဘဝများ ကိုယ်စီပိုင်ဆိုင်နိုင်ကြစေရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် လက်မထက်မီ ကျန်းမာရေး ကြိုတင်စစ်ဆေးနိုင်သည် (Pre-Wedding Check-Up)များအတွက် ကျွမ်းကျင်သောဆရာဝန်ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံး ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။

PRE-PREGNANCY CHECK-UP (ကိုယ်ဝန်မဆောင်မီ ကျန်းမာရေး အထူးစစ်ဆေးခြင်း)

ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ပြီး လအနည်းငယ်ကတည်းက အစီစဉ်စွဲထားသောအမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခြင်း မပြုမီ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း မိမိကျန်းမာရေးကို ကြိုတင်စစ်ဆေးဖြင့် မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် မလိုလားအပ်သောရောဂါဝေဒနာများ မဖြစ်ပေါ်လာနိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။  

CANCER CHECK-UP MALE (ကင်ဆာရှိ/မရှိစစ်ဆေးခြင်းအမျိုးသား)

ဗဟိုရ်စည်ဆေးရုံကြီးတွင် ကင်ဆာ ရှိ/မရှိ စစ်ဆေးတိုင်းတာခြင်းကို ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီပြီး နိုင်ငံတကာမှ တင်သွင်းသော နောက်ဆုံးပေါ် စက်ကိရိယာကြီးများကို အသုံးပြု၍ အကောင်းဆုံး ဝန်ဆောင်မှုပေးကာ ရောဂါ၏ အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ 

CANCER CHECK-UP FEMALE (ကင်ဆာရှိ/မရှိစစ်ဆေးခြင်းအမျိုးသမီး)

ဗဟိုရ်စည်ဆေးရုံကြီးတွင် ကင်ဆာရှိ/မရှိ စစ်ဆေးတိုင်းတာခြင်းကိုကျွမ်း ကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီပြီးနိုင်ငံတကာမှတင်သွင်းသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများကိုအသုံးပြုကာ အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါရဲ့အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ 

GENERAL CHECK-UP (အထွေထွေစစ်ဆေးခြင်း)

မိဘပြည်သူများ၏ ကျန်းမာရေး အမြဲထာဝစဉ် ကောင်းမွန်စေရန်အတွက်  မိမိအသက်အရွယ်၊ မိသားစုရာဇဝင်နှင့် မိမိနေထိုင်မှု ပုံစံပေါ်မူတည်ပြီး အနည်းဆုံး (၆)လ တစ်ကြိမ် (သို့မဟုတ်) (၁)နှစ်တစ်ကြိမ်  ကျန်းမာရေးကို ကြိုတင်ပုံမှန်စစ်ဆေးသင့်ပါသည်။ ကျန်းမာရေးကို ပုံမှန်ကြိုတင် စစ်ဆေးခြင်းကြောင့် အရေးကြီးသောရောဂါများနှင့် ကျန်းမာရေးပြဿနာ၏ အစောပိုင်းရောဂါလက္ခဏာများကို ခွဲခြားသိမြင်နိုင်မှာဖြစ်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။

SMOKER HEALTH CHECK-UP (ဆေးလိပ်သောက်သူ ကျန်းမာရေးစစ်ဆေးခြင်း)

ဆေးလိပ်သောက်သောသူများအနေဖြင့် မိမိခန္ဓာကိုယ်ရှိ ကျန်းမာရေးအခြေအနေများကို ကြိုတင်သိရှိနိုင်ရန်နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုစည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် (Smoker’s Health Check-Up Package)များကို ကျွမ်းကျင်သော ဆရာဝန် ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောက်ရွက်ပေးနေပါသည်။

HEALTHY WEIGHT CHECK-UP (ကျန်းမာသောကိုယ်အလေးချိန်အတွက်စစ်ဆေးခြင်း)

ကျန်းမာသောကိုယ်အလေးချိန်သည် ကျန်းမာသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းထားရန်နှင့် ရောဂါဘယများ ကင်းဝေးစေရန် အရေးကြီးဆုံးဖြစ်သောကြောင့် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Healthy Weight Check-Up Package များကို ခေတ်မီစက်ကိရိယာများ ကျွမ်းကျင်သော ဆရာဝန်ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

BONE WELLNESS CHECK-UP (အရိုးကျန်းမာရေး စစ်ဆေးခြင်း)

မည်သည့် အသက်အရွယ်တွင်မဆို အရိုးသိပ်သည်းမှုနည်းခြင်းသည် ရိုးဆက်ရောင်ရမ်းနာကဲ့သို့သော အခြေအနေများနှင့်အတူ အရိုးကျိုးခြင်း အခြေအနေများကိုပါဖြစ်ပေါ်စေနိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးကျန်းမာကြောင်းသေချာစေရန် အရိုးသိပ်သည်းဆ စမ်းသပ်မှုများ မကြာခဏပြုလုပ်ရန်လိုအပ်ပါသည်။  ထို့ကြောင့်  အရိုးကျန်းမာရေးအတွက် ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Bone Wellness Check-Up Package များဖြင့် စစ်ဆေးပေးနေပါသည်။ 

HEALTHY HEART CHECK-UP (နှလုံးကျန်းမာရေး စစ်ဆေးခြင်း)

နှလုံးရောဂါဆိုသည်မှာ  လူကြီးများတွင်သာမက၊ ကလေးများတွင်လည်း ဖြစ်တက်ကာ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါသည်။ ရောဂါကို စောစောမသိ၍ အချိန်မီ မကုသနိုင်ခြင်းကြောင့် ရုတ်တရက် နှလုံးရပ်ခြင်းနှင့် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်မှာဖြစ်ပါသည်။ ကြိုတင်သိရှိ၍ ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွမ်းကျင်သော ဆရာဝန်ဆရာမများ နှင့်ကျန်းမာရေးဝန်ထမ်းများက ခေတ်မီ စက်ကိရိယာများကိုအသုံးပြု၍ (Healthy Heart Medical Check-Up Package) ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

DIABETES CARE CHECK-UP (ဆီးချိုသွေးချိုကျန်းမာရေး စစ်ဆေးခြင်း)

ကမ္ဘာပေါ်တွင် အဖြစ်များဆုံးရောဂါများထဲမှာ ဆီးချိုသွေးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။  ဆီးချိုသွေးချိုရောဂါသည် အသက်အရွယ်မရွေး အချိန်အခါမရွေးဖြစ်ပွါးတတ်သောကြောင့် လုံးဝ မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Diabetes Check-Up Package စစ်ဆေးခြင်းကိုသင့်တင့်သောနှုန်းထားများဖြင့် အဖြေများကို အကောင်းမွန်ဆုံး စစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါသည်ခင်ဗျာ။

HEALTHY KIDNEY CHECK-UP (ကျောက်ကပ်ကျန်းမာရေး စစ်ဆေးခြင်း)

လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရန်အတွက် ကျောက်ကပ်ကျန်းမာရေးသည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါသည်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်မလုပ်သောအခါတွင် ကျောက်ကပ်ပျက်စီးခြင်း (kidney failure)၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း (Chronic renal failure) များဖြစ်လာ၍ ကျောက်ကပ် ဆေးရသည်အထိ ဖြစ်လာနိုင်ပြီး လူကိုပါသေစေနိုင်ပါသည်။ ထိုသို့သောရောဂါအခြေအနေများ မဖြစ်ပေါ်လာရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင်‌ Healthy Kidney Medical Check-up Package ဖြင့် ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

CHRONIC PAIN CHECK-UP (နာတာရှည်နာကျင်မှုအတွက်ကျန်းမာရေးစစ်ဆေးခြင်း)

နာတာရှည်နာကျင်မှုများသည် (၃)လ မှ (၆)လ (သို့မဟုတ်) ထိုထက်မက ကြာတတ်ပြီး ထိုသို့သောနာကျင်မှုများခံစားရလျှင် ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများ တစ်စုံတစ်ရာယိုယွင်းမှု (အခြားရောဂါလက္ခဏာများ) ဖြစ်နိုင်ခြေရှိသောကြောင့် အမြန်ဆုံး ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသသင့်ပါသည်။ ထိုကြောင့် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် ခန္ဓာကိုယ်နာကျင်ရခြင်းအကြောင်းများကို သိရှိစေရန် (Chronic Pain Medical Check-Up Package) ဖြင့်ကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

SLEEP DISORDER CHECK-UP (အိပ်မပျော်ခြင်းအတွက်ကျန်းမာရေးစစ်ဆေးခြင်း)

ညဘက်အိပ်မပျော်ခြင်း၊ အိပ်မရခြင်းများသည် ယနေ့ခေတ်လူကြီးများတွင်သာမက လူငယ်များတွင်ပါ အဖြစ်များနေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ အိပ်ရေပျက်များလာခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ ယိုယွင်းလာနိုင်ပြီး အခြားမလိုလားအပ်သောရောဂါများ ဖြစ်လာနိုင်ပါသည်။ ထိုသို့သော ရောဂါအခြေအနေများ မဖြစ်ပေါ်လာနိုင်ရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-UP ဌာနတွင် (Sleep Disorder Check-Up Package) ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

CHRONIC WEAKNESS CHECK-UP (နာတာရှည်အားနည်းခြင်းအတွက် စစ်ဆေးခြင်း)

နာတာရှည်အားနည်းခြင်းရောဂါလက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးကွဲပြားနိုင်ပြီး မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်ကာ ရောဂါလက္ခဏာ၏ ပြင်းထန်မှုမှာလည်း ကွဲပြားခြားနားနိုင်ပါသည်။  ထိုသို့သော နာတာရှည်အားနည်းခြင်း ရောဂါများမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Chronic Weakness Check-Up Package ဖြင့် ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးစစ်ဆေးဆောင်ရွက်ပေးနေပါသည်။

KID’S WELLNESS CHECK-UP (ကလေးကျန်းမာရေး စစ်ဆေးခြင်း)

ကလေးများအတွက် သင့်လျော်သောကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန်နှင့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ရန်၊ ကူးစက်တတ်သောရောဂါများကို မဖြစ်ပေါ်စေရန်နှင့် ကြိုတင်သိရှိပြီး ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။