PRE-OPERATIVE PACKAGE

ခွဲစိတ်မှုမပြုလုပ်မီကျန်းမာရေးတိုင်းတာစစ်ဆေးခြင်း

မိဘပြည်သူများအနေဖြင့် ခွဲစိတ်မှုမတိုင်မီ မိမိကျန်းမာရေးအခြေအနေများကို (Pre-Operative Check-Up) စစ်ဆေးပြုလုပ်ခြင်းဖြင့် ခွဲစိတ်မှု သင့်တော်မတော် စသည့်အခြေအနေများကို ကြိုတင်သိရှိနိုင်မှာဖြစ်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Pre-operative Package များအတွက်ပိတ်ရက်မရှိ သင့်တင့်သောနှုန်းထားများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေလျက်ရှိပါသည်။

Pre-operative Check-up Packageတွင်တိုင်းတာစစ်ဆေးနိုင်မည့်အစီအစဉ်များမှာ

  • Complete Blood Picture (သွေးဆဲလ်များအားဓာတ်ခွဲစစ်ဆေးခြင်း)၊
  • PT and APTT (သွေးခဲနှုန်း / သွေးတိတ်နှုန်းစစ်ဆေးခြင်း)၊
  • Blood Sugar Screening (RBS) (သွေးထဲရှိသကြားဓာတ်အားတိုင်းတာခြင်း)၊
  • Kidney Function Test (BUN / Urea) (ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း)၊
  • Hepatitis Viral Screening (HBs Ag, HCV Ab) (အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း)၊
  • HIV 1&2 Ab (ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း)၊
  • Syphilis / VDRL (ကာလသားရောဂါပိုး စစ်ဆေးခြင်း)၊
  • Blood Grouping (ABO, Rh ) (သွေးအုပ်စုစစ်ဆေးခြင်း)၊
  • Urine Exam (ဆီးစစ်ဆေးခြင်း)၊
  • Computerized Chest X-ray (ရင်ဘက်ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း)၊
  • ECG (အီးစီဂျီ စစ်ဆေးခြင်း) တို့ပါဝင်ပါသည်။

Program(အစီအစဉ်) Pre Opreative
သွေးဆဲလ်များအား ဓာတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
သွေးခဲနှုန်း/ သွေးတိတ်နှုန်း စစ်ဆေးခြင်း PT & APTT
သွေးထဲရှိသကြားဓာတ်အားတိုင်းတာခြင်း
Blood Sugar Screening
RBS
ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
Kidney Function Test
Urea
အသည်းရောင်အသားဝါ (ဘီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HBsAg
အသည်းရောင်အသားဝါ (စီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HCVAb
ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း HIV 1&2 Ab
ကာလသားရောဂါပိုးစစ်ဆေးခြင်း Syphilis/ VDRL
သွေးအုပ်စုစစ်ဆေးခြင်း ABO/Rh Grouping
ဆီးစစ်ဆေးခြင်း Urine Exam
ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း Digital Chest X-Ray
နှလုံး စစ်ဆေးခြင်း ECG

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)