Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no. 31-36,1-2, 5-6, ဗဟိုရ်စည်ဆေးရုံကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “လူသားအားလုံး ကျန်းမာစေချင်သည့် ဗဟိုရ်စည် (Health for All)” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက် ရှိပါသည်။ ဗဟိုရ်စည်ဆေးရုံသည် ခုတင် (၁၅၀) ဆေးရုံဖြစ်ပြီး လမ်းမတော်မြို့နယ် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုရ်စည်အိမ်ယာဝင်းအတွင်း တည်ရှိပါသည်။ ဝါးတန်းလမ်းဘက်မှ ဝင်လိုက်သည်နှင့် ပေါ်တီကိုအောက်တွင် အသင့်စောင့်ဆိုင်းနေသော လေ့ကျင့်သင်ကြားထားသည့် ဝန်ထမ်းများက ခရီးဦးကြိုပြုပါသည်။ လူနာအား ကူ၍တွဲကာ OPD (ပြင်ပလူနာ) ပြသမည့်သူဆိုလျှင် ဘယ်ဘက်အဆောက်အဦး (Building B) သို့သွားရန် ၊ ဆေးရုံတက်မည့် လူနာဖြစ်ပါက ညာဘက်အဆောက်အဦး (Building-A) သို့သွားရန် လိုက်လံပို့ဆောင် ညွှန်ပြပေးပါသည်။ကားမောင်းသူကို အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စီစဉ်ပေးပါသည်။
This Bahosi Hospital is founded by Pioneer Services International Company Limited since 1st July 1994.PSI Cဘယ်ဘက်အဆောက်ဦး (Building-B) ဝင်ဝင်ချင်းတွင် ဧည့်ကြိုဌာန (Reception) ရှိပါသည်။မည်သည့် အထူးကုဆရာဝန်ကြီးနှင့် ပြသလိုသည်ကိုပြော၍ မေးမြန်းစုံစမ်းနိုင်ပါသည်။မိမိတွေ့ဆုံလိုသော အထူးကုဆရာဝန်ကြီးများ ရှိ /မရှိ ၊ မည်သည့် အချိန်တွင် ရှိသည်တို့ကို မေးမြန်း၍ ဘွတ်ကင်(Booking) ယူနိုင်ပါသည်။ ဖုန်းဖြင့်ကြိုဆက်၍ ဘွတ်ကင်ယူသူများလည်း ရှိပါသည်။ မိမိတွေ့ဆုံလိုသော ဆရာဝန်ကြီးရှိပါက ဆရာဝန်ကြီးရှိရာ အထပ်သို့ ညွှန်ပြပေးမည်ဖြစ်ပါသည်။
မိမိအလိုရှိရာအထပ်သို့ ရောက်သောအခါ အသင့်စောင့်ကြိုနေသော ဝန်ထမ်းများက မိမိတွေ့ဆုံလိုသော အထူးကုဆရာဝန်ကြီးမျာ၏ နေရာကို ညွှန်ပြပေးကာ ၎င်းအခန်းရှေ့ရှိ နားနေထိုင်ခုံများတွင် သက်သောင့်သက်သာထိုင်၍ မိမိ၏အလှည့်ကို စောင့်နိုင်ပါသည်။ စောင့်နေစဉ်အတွင်း သက်သောင့်သက်သာရှိနေစေရန် လေအေးပေးစက်များကို အလုံအလောက်တပ်ဆင်ထားသည့် အပြင် စိတ်ဝင်စားဖွယ်ရုပ်သံလိုင်းများကို ဖွင့်ပြထားပါသည်။ အလွယ်တကူ အပေါ့အပါးသွားနိုင်စေရန်အတွက် သန့်ရှင်းသပ်ရပ်သော သန့်စင်ခန်းများ အထပ်တိုင်းတွင် ပါရှိပါသည်။
မိမိအလှည့်ကို သက်သောင့်သက်သာ စောင့်ဆိုင်းရင်း မိမိနာမည်ခေါ်သောအခါ ဆရာဝန်ကြီးများအခန်းအတွင်းသို့ ဝင်၍ ပြသနိုင်ပါသည်။ ဆရာဝန်ကြီးများက စမ်းသပ်စစ်ဆေးပြီးသောအခါ လူနာမှတ်တမ်းစာအုပ်ကိုယူကာ စမ်းသပ်ခန်းအတွင်းမှထွက်ပြီး ငွေသွင်းကောင်တာသို့ သွားရပါသည်။ ကျသင့်ငွေရှင်းပြီးသောအခါ ဆေးဆိုင်သို့သွား၍ ညွှန်းကြားထားသည့်ဆေးများကို ဝယ်ယူနိုင်ပါသည်။ ဆေးဝါးကျွမ်းကျင်သူများက ဆေးသောက်ပုံသောက်နည်းများကို အတိအကျ သွန်သင်ရှင်းပြပါသည်။ ဓါတ်ခွဲခန်းတွင် စစ်ဆေးရန်လိုအပ်ပါက နမူနာယူသည့်နေရာသို့ ခေါ်ဆောင်သွားပေးပြီး ကျွမ်းကျင်သူများက ခေတ်မီစက်သစ်ကြီးများကို အသုံးပြုကာ တိကျသေချာသော အဖြေထုတ်ပေးပါသည်။နောက်တစ်ကြိမ် ပြန်လည်ပြသရမည့် ရက်ချိန်းယူပြီးသောအခါ ကားရပ်ထားသောနေရာသို့ ပြန်လည်လိုက်ပို့ပါသည်။
ပြင်ပလူနာဌာနနှင့် မျက်နှာချင်းဆိုင် (Building A) မြေညီထပ်တွင် အရေးပေါ်ဌာနရှိပါသည်။ အရေးပေါ်ဌာနသည် ရောဂါပြင်းထန်သောလူနာများအား အတွင်းလူနာအဖြစ်မတင်မီ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးသောဌာနဖြစ်ပါသည်။ အရေးပေါ်ဌာနတွင် ပြသ၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရန်လိုပါက လူနာ(သို့မဟုတ်) လူနာရှင်အား (Building A)မြေညီထပ်ရှိ ဆေးရုံတက် လူနာမှတ်ပုံဌာန (Admission Service Department) သို့ ခေါ်ဆောင်လာပြီး လူနာနှင့်ပတ်သက်သော ကိုယ်ရေးအချက်အလက်များအား မှတ်တမ်းတင်ရပါသည်။ ဆေးရုံတက်သော လူနာများအား လက်ဆောင်အဖြစ် ရေသန့်၊ ဆပ်ပြာ၊ တစ်သျှူးများကိုလည်းပေးပါသည်။
အဆိုပါဌာနရှိ ဝန်ထမ်းများက ဗဟိုရ်စည်ဆေးရုံ၏ ဝန်ဆောင်မှုများ ၊ ဆေးရုံ၏ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြည့်စုံစွာ ရှင်းလင်းပြောပြပါသည်။ လူနာရှင်များက သိလိုသည်များကိုလည်း ပြန်လည်မေးမြန်းနိုင်ပါသည်။ ဆေးရုံတက်စဉ် ကုန်ကျမည့် အကြမ်းဖျဉ်းကုန်ကျစရိတ် ၊ ခွဲစိတ်မှုခံယူရမည့် လူနာများအတွက် ကုန်ကျစရိတ်ကို အနီးစပ်ဆုံး ခန့်မှန်းပေးပါသည်။ ပြီးလျှင်လူနာများအား အခန်းရှိရာသို့ လိုက်လံပို့ဆောင်ပေးပြီး လိုအပ်သည်များကို ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း စီစဉ်ဆောင်ရွက်ပေးပါသည်။ အထပ်တိုင်းရှိ ကောင်တာတိုင်းတွင် ဆရာဝန်များ ၊ သူနာပြုများကို ထားရှိပြီး အတွင်းလူနာအတွက် အချိန်ပြည့်တာဝန်ယူ ကုသမှုပေးနိုင်ရန် သမားတော်ကြီးများ၏ လက်ထောက်ဆရာဝန်များ (Specialist AS) ကိုလည်း (၂၄)နာရီပတ်လုံး တာဝန်ချထားပါသည်။
လူနာရှင်မိသားစုသည် လူနာနှင့်ပတ်သက်၍ စိတ်ပူပန်ရန် မလိုအပ်ဘဲ ၊ ဆေးဝယ်ခြင်း ၊ဆေးထိုးခြင်း ၊ ဆေးကုသမှုပေးခြင်း အစရှိသည့် လိုအပ်ချက်မှန်သမျှကို တာဝန်ကျဆရာဝန် ၊ သူနာပြုများမှ (၂၄)နာရီ ပတ်လုံး အလှည့်ကျ ဝန်ဆောင်မှုများပေးပါသည်။ လူနာ၏ဘေးတွင် အနီးကပ်ပြုစုစောင့်ရှောက်ပေးနိုင်ရန် အထူးသူနာပြုများလည်း ခေါ်ယူနိုင်ပါသည်။ စနစ်တကျ စမ်းသပ်ကုသမှုပြီး၍ ဆေးရုံးဆင်းခွင့် ရရှိသောအခါ ပြင်ပလူနာဌာနတွင် ပြန်လည်ပြသရန် ဆရာဝန်ကြီးများက ညွှန်ကြားပါက ရက်ချိန်းယူပေးခြင်း ၊ မှီဝဲရမည့် ဆေးဝါးများစီစဉ်ပေးခြင်း ၊ ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းပြောပြပေးခြင်း ၊ အကြံပြုစာများအား ကျေးဇူးတင်စွာဖြင့် လက်ခံခြင်း ၊ လူနာများ၏ အခက်အခဲများနှင့် အဆင်မပြေမှုများအား ဆေးရုံးမဆင်းမှီ ဝန်ထမ်းများမှ လိုက်လံမေးမြန်း၍ စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ပေးခြင်း စသည်ဖြင့် သက်ဆိုင်ရာဝန်ထမ်းများက အစအဆုံး လိုက်ပါဆောင်ရွက်ပေးပါသည်။
Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no . 31-36,1-2, 5-6, and 37-38, Bahosi Housing Complex , Wardan Street , Lanmadaw Township, Yangon, Myanmar. It is a complex of 6 stories- 4 Building Hospital.Our mission is to provide a comprehensive cost effective health care delivery system. For the convenience of our patients, a wide range of services are made easily accessible within the complex, making this a one stop Hospital.
This Bahosi Hospital is founded by Pioneer Services International Company Limited since 1st July 1994.PSI Co., Ltd. is organized by a group of prominent medical specialists in various disciplines, medical technologists and business entrepreneurs of Myanmar, with a view to develop a quality health care system in private sectors.
VISION
ပုဂ္ဂလိက ကဏ္ဍတွင် အရည်အသွေးမြင့်မားသောကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုဖြစ်စေရန်။ အနာဂတ်မြင်ကွင်းနောက်တစ်ဆင့်( Our Vision For Next Phase ) ယနေ့နှင့် နောင်အနာဂတ်နေ့များတွင် လူနာများနှင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောနိုင်ငံတကာအဆင့် အောင်မြင်မှုရရှိသည့် ဆေးရုံတစ်ခုဖြစ်စေရန်။
MISSION
လူနာများအဆင်ပြေစေရန်အတွက် ကုန်ကျစရိတ်သက်သာ၍ ထိရောက်ပြီးစုံလင်များပြားသောကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုတစ်နေရာတည်းတွင် အလွယ်တကူရရှိသောဆေးရုံတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။
OBJECTIVES
အများလက်ခံသည့် နိုင်ငံတကာအဆင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနတစ်ခုဖြစ်စေရန်။ ခေတ်မီစက်ကိရိယာများနှင့် အဆင့်မြင့်နည်းပညာများအသုံးပြုကာအရည်အသွေးမြင့် စမ်းသပ်ခြင်းဝန်ဆောင်မှုပေးရာဌာနတစ်ခုဖြစ်ပေါ်စေရန်။ဆေးပညာရပ်ဆိုင်ရာ ပြဿနာများကိုပြည်ပဆေးပညာအဖွဲ့အစည်းများနှင့် ဆောင်ရွက်ရန်။နိုင်ငံတကာကုမ္ပဏီများ၊ စီးပွါးရေးလုပ်ငန်းများနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသောလုပ်ငန်းပုံစံဖြင့် ပူးပေါင်းပြီးဗဟိုရ်စည်ဆေးရုံ၏ အနာဂတ်မျှော်မှန်းချက်ကိုမြင့်တင်ရန်။