Imaging Department Part-time Service

ဗဟိုရ်စည်ဆေးရုံကြီးသို့ ကျန်းမာရေးအတွက် လာရောက်ကျသော မိဘပြည်သူများအား ခန္ဓာကိုယ်အတွင်းရှိရောဂါများ ရှိမရှိစစ်ဆေးဖို့ရန်အတွက် Imaging Department မှ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခေတ်မီသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများဖြစ်တဲ့ နိုင်ငံတကာမှတင်သွင်းသော စက်ကြီးများကိုအသုံးပြုကာ မိဘပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါရဲ့အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ပုံရိပ်ဖေါ်ပေးခြင်းဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ ဗဟိုရ်စည်ဆေးရုံကြီး၏ ဓါတ်မှန်နှင့်ပုံရိပ်ဖော်ရောဂါရှာဖွေးရေးဌာနတွင် ပြုလုပ်ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

စသည့်ပုံရိပ်ဖော်ခြင်းများကိုကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ဆရာမများနှင့်အရည်အသွေးပြည့်မီသောဝန်ထမ်းများကအကောင်းဆုံးဝန်ဆောင်မှုပေးကာဆောင်ရွက်ပေးနေပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

ECG (နှလုံးစစ်ဆေးခြင်း)

ရင်တုန်၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘက်အောက်ခြင်း၊ ရင်ဘက်အဆင်မပြေမှု များ (သို့မဟုတ်) အခြားရောဂါလက္ခဏာများကြောင့် ဆေးကုသမှုများအတွက် အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးပေးနေပါသည်။

Echocardiogram(နှလုံးဓါတ်မှန်ရိုက်ခြင်း)

မောပန်းခြင်း၊ အသက်ရှုရတာအဆင်မပြေဖြစ်ခြင်းနှင့် မေ့မြောခြင်းကဲ့သို့သော ရောဂါလက္ခဏာများကြုံတွေ့လာရရင် Echo ရိုက်သင့်ပြီး သက်ဆိုင်ရာဆရာဝန်၊ ဆရာမများနှင့် တိုင်ပင်ဆွေးနွေးကာကုသမှုခံယူသင့်ပါသည်။ Echo ရိုက်ခြင်းဖြင့် နှလုံးကြွက်သားတွေရဲ့လှုပ်ရှားမှု ပုံမှန်ဟုတ်မဟုတ်၊ နှလုံးသွေးကြောနှင့်နှလုံးတည်ဆောက်ပုံ၊ နှလုံးစည်းချက်ကိုလေ့လာရန်နှင့်လုပ်ဆောင်မှုတို့ကို ခွဲခြားသိစေရန်အတွက် သိရှိနိုင်ပါသည်။ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် နိုင်ငံတကာအဆင့်မီ ဂျပန်နိုင်ငံမှတင်သွင်းသော  APLIO300 TUSA TOSHIBA JAPAN စက်ကြီးများကိုအသုံးပြုကာ ကျွမ်းကျင်သော ဓါတ်မှန်ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။

Colour Doppler(သွေးကြောဓါတ်မှန်ရိုက်ခြင်း)

ကိုယ်ခန္ဓာအတွင်းရှိ သွေးကြောများအတွင်း အညစ်အကြေးများ (သို့) သွေးလွှတ်ကြောအတွင်း သွေးစီးဆင်းမှု ကိစ္စရပ်များကိုစစ်ဆေးရန်နှင့် သွေးကြောပိတ်မပိတ်ကိုအဓိကသိရှိစေရန်  Color Doppler ရိုက်ခြင်းဖြင့် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

Holter ECG (Long-Term Heart Monitoring)

ဗဟိုရ်စည်ဆေးရုံကြီးတွင် Holter ECG ဝန်ဆောင်မှုကို 24 hr ECG Holter (သို့မဟုတ်) 48 hr ECG Holter စက်များ လူနာကိုယ်ပေါ် တပ်ဆင်ပေး၍ လူနာ၏ နှလုံးအခြေအနေကို စဉ်ဆက်မပြတ် မှန်ကန်တိကျသော အဖြေများ မှတ်သားအဖြေထုတ်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည် ခင်ဗျာ။

Ultrasound (USG)(တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း)

ခန္ဓာကိုယ်အတွင်းပိုင်းတည်ဆောက်ပုံများ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်ခန္ဓာကိုယ်အောက်ပိုင်းရှိ အဓိကအတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းများ၏ ဖွဲ့စည်းပုံနှင့် ကိုယ်ဝန်ဆောင်မိခင်များ၏သားအိမ်တွင်း ကြီးထွားလာသော သန္ဓေသားအရွယ်အစား ပုံသဏ္ဠာန်တို့ကို သိရှိရန်အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Imaging ဌာနတွင်

  • Japan နိုင်ငံမှတင်သွင်းသော Xario CUS-X200G Canon Toshiba Japan၊
  • USA မှတင်သွင်းသော LOGIQ P6 USA၊
  • USG Portable အတွက် နိုင်ငံတကာအဆင့်မီ USA မှတင်သွင်းသော LOGIQ V2 USA   စက်ကြီးများဖြင့်များဖြင့် ကျွမ်းကျင်သောဓါတ်မှန်ဆရာဝန်၊ ဆရာမများနှင့် အရည်အသွေးပြည့်မီသောဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။
  • TVS – (Transvaginal Ultrasound)၊ HSG – (Hystero Salpingo Gram)နှင့် Special X-ray Procedure များအတွက်လည်း ကြိုတင်ရက်ချိန်းယူကာ စမ်းသပ်စစ်ဆေးမှု ခံယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။