Holter ECG

Holter ECG

(Long-Term Heart Monitoring)

ဗဟိုရ်စည်ဆေးရုံကြီးတွင် Holter ECG ဝန်ဆောင်မှုပြန်လည်ရရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 24 hr Holter ECG (သို့မဟုတ်) 48 hr Holter ECG စက်များကို လူနာကိုယ်ပေါ် တပ်ဆင်ပေး၍ လူနာ၏ နှလုံးအခြေအနေကို စဉ်ဆက်မပြတ် မှန်ကန်တိကျသော အဖြေများကို မှတ်သားအဖြေထုတ်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

Holter ECG ဆိုတာဘာလဲ?

လူတစ်ယောက်၏ နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက်မှန်မမှန် ၂၄နာရီ ခန္ဓာကိုယ်တွင် တပ်ဆင်၍ မှတ်တမ်းတင်စောင့်ကြည့်ပေးသော စက်ကိရိယာ (အိတ်ဆောင် ECG စက်) ဖြစ်ပါသည်။

Holter ECG တပ်ဆင်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးတွေကဘာတွေလဲ?

  • နှလုံးခုန်နှုန်း အရမ်းနှေးခြင်း(Bradycardia )၊
  • နှလုံးခုန်နှုန်း အရမ်းမြန်ခြင်း(Tachycardia )၊
  • နှလုံးခုန်နှုန်း မူမမှန်ခြင်း(Arrhythmia ) စသည်တို့ကိုသိရှိနိုင်ခြင်းဖြင့် ပြင်းထန်သော နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ နှလုံး ရုတ်တရက် ရပ်ပြီးသေဆုံးခြင်း တို့ကိုကြိုတင်ကာကွယ်ကုသနိုင်သောအကျိုးကျေးဇူးများကိုရရှိစေနိုင်မည်ဖြစ်ပါသည်။


ဘယ်လို ရောဂါလက္ခဏာရှိသူတွေ 24 Hour Holter ECG လုပ်သင့်ပါသလဲ?

  • နှလုံးခုန်မမှန်ဘဲ ရင်ထဲ တလှပ်လှပ် ခံစားနေရသူများ၊
  • ခြေတွေလက်တွေ မသယ်ချင်‌လောက်အောင် ပင်ပန်းနုံးချိနေသူများ၊
  • ရင်တုန်ပြီး ခေါင်းအမြဲမူးနေသူများ၊
  • အသက်ရူမဝဖြစ်နေသူများ၊
  • ရင်ဘက်အောင့်နေသူများ၊
  • ရုတ်တရက် မကြာခဏမေ့လဲသူများ၊
  • လေဖြန်းချင်သူများ၊

စသည့်အထက်ပါလက္ခဏာများ ခံစားနေရပြီဖြစ်ပါက Holter ECG စက်ဖြင့်ရောဂါရှာဖွေသင့်ပါသည်။



Holter ECG ဘယ်လိုအသုံးပြုရမလဲ?

အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်တို့နှင့် အရင်တိုင်ပင်ပြီး သမားတော်မှ ECG Holter တပ်ဆင်၍ ရောဂါရှာဖွေခိုင်းပါက ဗဟိုရ်စည်ဆေးရုံကြီးမှ အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

  • ECG Holter အတွက် ရင်ဘက်တွင် Chest Leads များပြုတ်မကျအောင် စနစ်တကျတပ်ဆင်ပေးခြင်း၊
  • ECG Holter တပ်ဆင်နေစဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်တို့ကိုအထူး မှာကြားပေးခြင်း(Holter Monitor ECG စက်တပ်စဉ်ထားချိန်တွင် ရေမထိရန်လိုအပ်ခြင်း၊ လျှပ်စစ်ကြိမ်နှုန်းများကို အနှောက်အယှက်ပေးနိုင်သည့် မိုဘိုင်းဖုန်းများ၊ လျှပ်စစ်သံလိုက်ပစ္စည်းများ ၊မိုက်ခရိုဝေ့ပ် စက်များ အသုံးမပြုသင့်ခြင်း)၊
  • ပြန်လာ၍ Report ထုတ်ရမည့်နေ့ရက် အချိန်အတွက် ရက်ချိန်းပေးခြင်း၊
  • သက်ဆိုင်ရာ အထွေထွေသမာတော်၊ နှလုံးအထူးကုသမားတော်နှင့် ပြန်ပြနိုင်ရန် စီစဉ်ပေးခြင်း များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Holter ECG စစ်ဆေးခြင်း

  • ပုံမှန် ECG ဆွဲပြီး စစ်ဆေးခြင်းထက် ပို၍တိကျသော အဖြေထုတ်ပေးနိုင်ခြင်း၊
  • ဘေးထွက်ဆိုးကျိုးလုံးဝ မရှိခြင်း၊
  • ဆေးရုံတက်စရာမလိုခြင်း
  • Holter Monitor ECG စက်တပ်စဉ်ထားချိန်တွင် နေစဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိူင်ခြင်း၊

ထို့ကြောင့် သင်နှင့် သင့်မိသားစု၏ နှလုံးကျန်းမာရေးအတွက် ဗဟိုရ်စည်ဆေးရုံကြီးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အကြံပေးဖိတ်ခေါ်အပ်ပါသည်။ England နိုင်ငံမှ တင်သွင်းသော စက်ကို အသုံးပြုပြီး နံနက် 8:00 AM မှ ညနေ 4:00 PM အတွင်း ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

“ကျသင့်ငွေကတော့ 24 Hour ကို 50,000Ks ကျသင့်တာကို Discount (5000Ks) ပေးလို့ 45,000Ks ဘဲကျသင့်ပါမယ်ခင်ဗျာ

48 Hour ကို 75,000Ks ကျသင့်တာကို Discount (5000Ks) ပေးလို့ 70,000Ks ဘဲကျသင့်ပါမယ် ခင်ဗျာ”