Extracorporeal Shuck Wave Lithotripsy (ESWL) 

ESWL ဆိုသည်မှာ
ကျောက်ကပ်အတွင်းနှင် ဆီးပို့ပြွန်အတွင်းရှိ ကျောက်များကို‌ချေဖျက်ရန်အတွက် ခန္ဓာကိုယ်အားမခွဲမစိတ် မှန်ပြောင်းမသုံး မေ့ဆေးမပေးဘဲ ခေတ်မီစက်ကိရိယာကို အသုံးပြုကာ ခန္ဓာကိုယ်ပြင်ပမှ လှိုင်းဖြင့် ကျောက်ချေခြင်းဖြစ်ပြီး ကျောက်များကို သေးငယ်သော အစိတ်အပိုင်းများအဖြစ် ကျိုးပဲ့သွားစေရန်အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ ကျိုးပဲ့သွားသော ကျောက်အပိုင်းအစများသည် ဆီးနှင့်အတူ ပါသွားခြင်းဖြင့် ကုသသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

မလုပ်ဆောင်သင့်သောလူနာများ

  • ဆီးလမ်းကြောင်း ပိုးဝင် ရောင်ရမ်းခြင်းအား မကုသရသေးသော လူနာများ၊ ဆီးလမ်းကြောင်းပိတ်ဆို့နေသည်ကို မကုသရသေးသောသူများ၊
  • သွေးရောဂါရှိသော လူနာများ၊
  • ကိုယ်ဝန်ဆောင်သည်များနှင့် အဝလွန်ရောဂါရှိသူများ၊

Extracorporeal Shock Wave Lithotripsy (ESWL) ခေတ်မီစက်ကိုအသုံးပြု၍ ခန္ဓာကိုယ်ပြင်ပမှ အသံလှိုင်းဖြင့်ကျောက်ချေခြင်း

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါများထဲတွင် ဆီးလမ်းကြောင်း ကျောက်တည်ခြင်းသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ ဆီးကျောက်တည်ခြင်းဆိုသည်မှာ ကျောက်ကပ်မှာကျောက်တည်ခြင်းတစ်ခုတည်းအား ပြောခြင်းမဟုတ်ဘဲ ကျောက်ကပ် (Kidney)၊ ဆီးပို့ပြွန် (Ureter)၊ ဆီးအိမ် (Bladder) စသော ဆီးလမ်းကြောင်းတလျှောက် တည်သောကျောက်များ အားလုံးကို ဆီးကျောက်ဟုခေါ်ပါသည်။ ဆီးထဲတွင် ဓါတ်ဆားဓါတ်များလာသောအခါ ဆီးပျစ်လာပြီး များနေသောဓါတ်ဆားဓါတ်များ တဖြည်းဖြည်းအနည်ကျ စုပေါင်းလာသောအခါ ဆီးကျောက်တည်ခြင်း ဖြစ်လာပါသည်။ ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေသော ဓါတ်ဆားဓါတ်မျာမှာ ကယ်လ်စီယမ်အောက်ဆဲလိတ် (Calcium oxalate)၊ ယူရစ်အက်စစ် (Uric acid)၊ စစ်စတင်း (Cystine)၊ မဂ္ဂနီဆီယမ် (magnesium)၊ အမိုနီယမ် (Ammonium)၊ ဖော့စဖိတ် (Phosphate) စသည်တို့ဖြစ်ပြီး အနည်ကျသော ဓါတ်ဆားဓါတ်ပေါ်မူတည်ပြီး ဆီးကျောက်များကို အမျိုးအစား ခွဲခြားနိုင်ပါသည်ခင်ဗျာ။

အကျိုးကျေးဇူးများ

  • ခွဲစိတ်မှုပြုလုပ်ရန်မလိုအပ်ခြင်းကြောင့် နာကျင်မှုသက်သာပြီး မေ့ဆေးအန္တရာယ်မရှိခြင်း ၊
  • ကျောက်ခြေချိန်မှာ နာရီပိုင်းမျှသာ ကြာသောကြောင့် ဆေးရုံတက်စရာမလိုအပ်ခြင်း၊
  • အချိန်ကုန် လူပင်ပန်းသက်သာ၍ မိသားစုအလုပ်မရှုပ်ခြင်းနှင့် ကုန်ကျစာရိတ်ကိုချွေတာပေးနိုင်ခြင်း အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။

👍👍နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကျောက်တည်သောရောဂါများကို ယခင်ကလိုခွဲစိတ်စရာမလိုဘဲ ရောဂါလက္ခဏာ၊ ကျောက်အရွယ်အစား၊ တည်နေရာ၊ လူနာကျန်းမာရေး အခြေအနေတွေပေါ်မူတည်ပြီး 3mm အောက် အရွယ်အစားသိပ်မကြီးသော ကျောက်များသည် ဆီးနဲ့အတူ အပြင်ကို ရောက်သွားနိုင်ချေများပြီး 5mmအထက်အရွယ်အစားကြီးသော ကျောက်များသည် သူ့ဘာသာသူ ထွက်နိုင်ခြေ နည်းသောကြောင့် ဆီးကျောက်၏အရွယ်အစားပေါ်မူတည်ပြီး ဗဟိုရ်စည်ဆေးရုံကြီးမှာ ခွဲစိတ်စရာမလိုဘဲ ခန္ဓာကိုယ်ထဲတွင်ရှိသော ဆီးကျောက်များကို ခေတ်မီနည်းပညာအသုံးပြု၍ ခန္ဓာကိုယ်ပြင်ပမှစွမ်းအင်လှိုင်းဖြင့် ချေဖျက်ကုသနိုင်သော Extracorporeal Shock Wave Lithotripsy-(ESWL)ကုထုံးကို ကျွမ်းကျင်သောပညာရှင်များမှ အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။📣📣

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”