PRE-PREGNANCY PACKAGE

ကိုယ်ဝန်မဆောင်ခင်ကျန်းမာရေးစစ်ဆေးခြင်း

ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ပြီး လအနည်းငယ်ကတည်းက အစီစဉ်စွဲထားသောအမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခြင်းမပြုမီ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း မိမိကျန်းမာရေးကိုကြိုတင်စစ်ဆေးဖြင့် ချောမွေ့သောကိုယ်ဝန်နှင့် ကျန်းမာသန်စွမ်းသောကလေးငယ်များမွေးဖွားလာနိုင်ရန်အတွက် များစွာအထောက်အကူပြုနိုင်ပြီး မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် မလိုလားအပ်သောရောဂါဝေဒနာ မဖြစ်ပေါ်လာနိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Pre-pregnancy Medical Check-Up Package များဖြင့် ကျွမ်းကျင်သောဆရာဝန်ဆရာမများ နှင့် ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။

Program(အစီအစဉ်)

Pre Pregnancy
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
 
မျက်စိစမ်းသပ်စစ်ဆေးခြင် (မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Exam Screening
 
နားအကြားအာရုံစစ်ဆေးခြင်း Hearing Screening
 
သွေးဆဲလ်များအား ဓာတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
 
အစာမစားမီ သွေးထဲရှိ သကြားဓာတ်အား တိုင်းတာခြင်း FBS
 
အစာစားပြီး(၂)နာရီကြာ သကြားဓါတ်စစ်ဆေးခြင်း 2HPPBS
 
လည်းပင်းကြီးရောဂါ ရှိ/မရှိ စစ်ဆေးခြင်း Thyroid Screening TSH
 
မွေးရာပါ သွေးနီဥကွဲရောဂါ စစ်ဆေးခြင်း Hb Electrophoresis
 
သွေးအုပ်စုစစ်ဆေးခြင်း Blood Grouping ABO/ Rh Grouping
 
အသည်းရောင်အသားဝါ (ဘီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HBsAg
 
အသည်းရောင်အသားဝါ (စီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း HCV Ab
 
ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးခြင်း HIV 1&2 Ab
 
ကာလသားရောဂါပိုးစစ်ဆေးခြင်း Syphilis/VDRL
 
ဝမ်းဗိုက်တခုလုံးအား အသံလှိုင်ဖြင့် ရောဂါရှာဖွေခြင်း Ultrasound (Abdomen + Pelvic)
 
မနက်စာစားသုံးခွင့်ကူပွန် Breakfast Coupon
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)