Laparoscopic Surgery / Key-hole Surgery

Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ်ကုသပေးခြင်း)
Laparoscopic Surgery ပြုလုပ်ခြင်းသည် ဝမ်းဗိုက်တွင် လုပ်ဆောင်သည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး အများအားဖြင့် ၀.၅ – ၁.၅ စင်တီမီတာ အပေါက်ငယ်များဖေါက်ကာ ကင်မရာအထောက်အပံ့ကို အသုံးပြုပြီး လုပ်ဆောင်ရသော ခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် ခေတ်သစ်ခွဲစိတ်ကုသမှုနည်းပညာတစ်ခုဖြစ်ပါသည်။

Laparoscopic ခွဲစိတ်ကုသနိုင်သောရောဂါများမှာ
     1.အူအတက်ရောင်ခွဲစိတ်ကုသခြင်း၊
     2.သည်းခြေအိတ် ခွဲစိတ်ကုသခြင်း၊
     3.မီးယပ်ရောဂါ အလုံးအကျိတ်များ ခွဲစိတ်ကုသခြင်း၊
     4.ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း၊

လူနာများအတွက်အကျိုးကျေးဇူးများမှာ

  • နာကျင်မှုလျော့နည်းစေခြင်း၊
  • သွေးသွင်းဖို့အခွင့်လမ်းလျောနည်းစေခြင်း၊
  • အတန်ငယ်သေးငယ်သောခွဲစိတ်ကုသခြင်းကြောင့် ခွဲစိတ်ကုသမှုပြီးနောက် အမာရွတ်နည်းစေခြင်း၊
  • နှလုံးရပ်တန့်မှုလျောနည်းစေခြင်း၊
  • ပြန်လည်နာလန်ထူချိန် မြန်ဆန်စေခြင်း၊
  • ဆေးရုံတတ်ချိန်နည်းပါးခြင်းကြောင့် ကုန်ကျစာရိတ်သက်သာစေခြင်း၊
  • လုပ်ငန်းခွင်သို့စောစောပြန်ဝင်နိုင်စေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်မှာဖြစ်ပါသည်။

ဘာကြောင့် Laparoscopic ခွဲစိတ်ကုသမှုကိုရွေးချယ်သင့်တာလည်း
ဤစနစ်မပေါ်မီ ခွဲစိတ်ဆရာဝန်တစ်ဦးသည် ၆ လက်မ မှ ၁၂ လက်မအထိရှည်သော ခွဲစိတ်မှုကိုလူနာ၏ဝမ်းဗိုက်တွင်ပြုလုပ်ရပါသည်။ Laparoscopic ခွဲစိတ်ကုသမှုပြုလုပ်ခြင်းသည် ရိုးရာခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်လျှင်အကျိုးကျေးဇူးများစွာရှိပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် နာကျင်မှု နည်းစေပြီး အရွယ်အစားသေးငယ်သောခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါသည်။ လူနာ၏ ရောဂါအခြေအနေပေါ်မူတည်ပြီး ခန္ဓာကိုယ်တွင်းခွဲစိတ်မှုအရွယ်အစား ၁ စင်တီမီတာမှ ၂ စင်တီမီတာ အထိရှိနိုင်ပြီး ခွဲစိတ်ကုသမှုအတွက်အပေါက်မှာ လူတစ်ဦး၏ခံစားနေရသောရောဂါ အခြေအနေပေါ်မူတည်၍ ၁ ပေါက်မှ ၄ ပေါက်အထိကွဲပြားခြားနားမှုရှိနိုင်ပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည်ယနေ့ခေတ်တွင် လူကြိုက်များလာသော အဆင့်မြင့် ကုထုံးပုံစံတစ်ခုဖြစ်ပါသည်။ မည်သည့်ရောဂါမျိုးတွင်မဆို ပိုမိုကောင်းမွန်သောကုသမှုနှင့် ပြန်လည်နာလန်ထူရေးလုပ်ငန်းစဉ်များကို လွယ်ကူစေရန် ခွဲစိတ်ကုသမှုပြီးနောက် ကာကွယ်မှုများကို ဆရာဝန်ကြီးများ၏ညွှန်ကြားချက်အတိုင် လိုက်နာဆောင်ရွက်ရန်လည်းလိုအပ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ် ကုသပေးခြင်း)များကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ အထူးကျွမ်းကျင်သော အထူးကုခွဲစိတ်ဆရာဝန်ကြီးများမှဦးဆောင်ပြီး အရေးကြီးသောခွဲစိတ်ကုသမှုများကို လူနာများအတွက်အကောင်းမွန်ဆုံးနှင့် စိတ်အချရဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”