Ureteroscopic Lithotripsy (LASER)

Ureteroscopic Lithotripsy Laser (ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှကျောက်ကို လေဆာရောင်ခြည်ဖြင့်ကျောက်ခြေခြင်း)

Ureteroscopic Lithotripsy Laser ဆိုသည်မှာ ဆီးပြွန်နှင့် ကျောက်ကပ်အတွင်းတွင် ကျောက်များပိတ်စို့နေပါက မခွဲမစိတ်ဘဲ လူနာအိပ်ပျော်သွားသည်နှင့် သေးငယ်သောကင်မရာတပ်ထားသည့် ဆီလမ်းကြောင်းမှန်ပြောင်း(Ureteroscope)ကိုအသုံးပြု၍ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွင်းရှိ ကျောက်များကို လေဆာရောင်ခြည်(Laser Energy) တို့ကိုအသုံးပြု၍ အစိတ်စိတ်အမြွှာမြွှာ သေးငယ်သောကျောက်တုံးငယ်များအဖြစ်ချေဖျတ်ပြီး ဖယ်ရှားခြင်းစသည်ဖြင့် အလွန်ထိရောက်မှုရှိသော ကုထုံးတစ်ခုဖြစ်ပါသည် ။ ကျောက်ကပ်ကျောက်များရှိမည်ဆိုပါက စောစောကုသမှုပေးပြီး စောင့်ရှောက်မှု ခံယူသင့်ပါသည်။

အကျိုးကျေးဇူးများ

  1. ခွဲစိတ်ကုသရန်မလိုအပ်ပဲ ဆေးရုံတက်ရက်နည်းခြင်း၊
  2. ဆီးပို့ပြွန်အတွင်းရှိ သိပ်သည်းဆများသောကျောက်များအပြင် ဓါတ်မှန်တွင်မတွေ့နိုင်သောကျောက်များပါခြေဖျက်နိုင်ခြင်း၊
  3. အဝလွန်ရောဂါရှိသူနှင် ကိုယ်ဝန်ဆောင်များပါကုသနိုင်ခြင်း၊

မလုပ်ဆောင်သင့်သူမျာ

  • အရွယ်အစားကြီးမားသော ဆီးလမ်းကြောင်း ကျောက်ရှိသူများ၊
  • ဆီးလမ်းကြောင်းမှန်ပြောင်းထည့်ကြည့်၍ မသင့်လျှော်သောရောဂါအခြေအနေရှိသူများ၊

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါများထဲတွင်ဆီးလမ်းကြောင်း ကျောက်တည်ခြင်းသည်အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး ဆီးကျောက်တည်ခြင်းဆိုသည်မှာ ကျောက်ကပ်မှာကျောက်တည်သည်ကို ပြောခြင်းမျိုးမဟုတ်ဘဲ ကျောက်ကပ် (Kidney)၊ ဆီးပို့ပြွန် (Ureter)၊ ဆီးအိမ် (Bladder) စသော ဆီးလမ်းကြောင်းတလျှောက် တည်သောကျောက်များအားလုံးကို ဆီးကျောက်ဟုခေါ်ပါသည်။

👍💯 နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကျောက်တည်သောရောဂါများကို ယခင်ကလိုခွဲစိတ်စရာမလိုဘဲ ရောဂါလက္ခဏာ၊ ကျောက်အရွယ်အစား၊ တည်နေရာ၊ လူနာကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး ဗဟိုရ်စည်ဆေးရုံကြီးမှာ ခွဲစိတ်စရာမလိုဘဲ ခန္ဓာကိုယ် ထဲတွင်ရှိသောဆီးကျောက်များကို ခေတ်မီနည်းပညာကိုအသုံးပြု၍ ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှကျောက်ကို လေဆာရောင်ခြည်ဖြင့်ကျောက်ချေခြင်း (Ureteroscopic Lithotripsy Laser) ကုထုံးကို ကျွမ်းကျင်သောပညာရှင်များမှ အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”