အဆိုပါရောဂါသည် ညအိပ်ပျော်နေစဥ် လေပြွန်ရှိကြွက်သားများပြေလျော့သွားကာ အသက်ရှုလမ်း ကြောင်းပိတ်သွားခြင်းဖြစ်သည်။ အသိသာဆုံးလက္ခဏာမှာ အိပ်ပျော်နေစဥ်ဟောက်ခြင်းဖြစ်သည်။OSA တွင် ထိုအသက်ရှုရပ်ခြင်းသည်
တစ်ခါရပ်လျှင် ၁၀ စက္ကန့်မှ ၁ မိနစ်ကျော်အထိဖြစ်ပေါ်နိုင်ပြီး တစ်ညလုံးတွင်အကြိမ်များစွာရာချီ၍ဖြစ်ပေါ်နေတတ်သည်။
OSA အဖြစ်များသောလူများ
-အမျိုးသားများ (male gender)
– အဝလွန်သူများ (obesity)(လည်ပင်းတစ်ဝိုက်အဆီများသူများ)
-မေးရိုးတိုသူများ/အာသီးကြီးသူများ (physical problem in your nose,throat,airway)
-မျိုးရိုးကြောင့် မေးရိုးအနောက်ရောက်သူများ(recessed mandible)
-သိုင်းရိုက်ဟော်မုန်းနဲသောရောဂါရှိသူများ (hypothyroid)
-ကြီးထွားဟော်မုန်းမညီမျှသောကြောင့်ဖြစ်ပေါ်သော acro megaly ရောဂါရှိသူများ တွင်အဖြစ်များလေ့ရှိသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ထိုကဲ့သို့ အသက်ရှုလမ်းကြောင်းပိတ်ပြီး မိမိဘာသာမသိလိုက်ဘဲကြိမ်ဖန်များစွာနိုးနေခြင်းကြောင့် အိပ်ရေးမဝဘဲ လူမှာနုံးချာပင်ပန်းနေခြင်း၊TV ကြည့်ရင်း ကားမောင်းရင်းအိပ်ငိုက်ခြင်း၊ ကျောင်းတက်စဥ်, အလုပ်ခွင်၌အိပ်ငိုက်ခြင်း၊မနက်မိုးလင်းချိန်တွင် ခေါင်းကိုက်နေခြင်းတို့ဖြစ်တတ်သည်။
ညအိပ်စဥ် အသက်ရှုလမ်းကြောင်းပိတ်ခြင်းကြောင့်သွေးသွင်းအောက်စီဂျင်ထိုးကျသွားပြီးနှလုံးနှင့်သွေးလည့်ပတ်မှုစနစ်ကို ဒဏ်ဖြစ်စေကာ သွေးပေါင်မသိမသာတက်ခြင်း၊သွေးတိုးရောဂါဖြစ်ခြင်း hypertension၊နှလုံးခုန်မမှန်ခြင်း atrial fibrilation၊ရေရှည်တွင် နှလုံးညစ်အားကျလာခြင်း reduce cardiac output၊နှလုံးခုန်ရုတ်တရက်ရပ်တန့်ခြင်း sudden cardiac death၊အဆုတ်တွင်သွေးဖိအားများလာကာpulmonary hypertension နောက်ဆုံးတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာပျက်စီးခြင်း type 2 respiratory failure ၊လေဖြတ်ခြင်း stroke တို့ဖြစ်နိုင်ခြေရာခိုင်နှုန်းပိုများကြောင်းတွေ့ရှိရပါသည်။
ထို့အပြင်မှတ်ညဏ်ပိုင်းဆိုင်ရာလက္ခဏာများ (imparied congnitive function),အာရုံစူးစိုက်မှုမရခြင်း (difficulty in concentration),စိတ်ပိုင်းဆိုင်ရာပြသနာများ(စိတ်တိုခြင်း irritability,စိတ်ဓါတ်ကျခြင်း depression),ညဘက်မကြာခဏဆီးထထပေါက်ခြင်း(nocturia),ဆီးချိုသွေးချိုရောဂါများဖြစ်ခြင်း (metabolic syndrome),မိမိဟောက်သံကြောင့် (snorring)အတူအိပ်သူများအားအနှောက်အယှက်ဖြစ်ခြင်း စသည့်နောက်ဆက်တွဲပြသနာများဖြစ်နိုင်ပါတယ်။
ထိုကဲ့သို့ OSA လူနာများသည် ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သောကြောင့် အိပ်ဆေးများသောက်ခြင်း၊အရက်သောက်ခြင်းတို့ကိုရှောင်ကြဥ်ရမည်။
အဘယ်ကြောင့်ဆိုသော် အိပ်ဆေးနှင့်အရက်များသည် လေပြွန်ရှိကြွက်သားများကို ဖြေလျော့စေပြီးလေပြွန်ကျဥ်းစေသောကြောင့် အသက်ရှုလမ်းကြောင်းပိတ်ပြီး OSA ရောဂါပိုဆိုးလေလေဖြစ်သောကြောင့်ဖြစ်သည်။
အကယ်၍OSA ရောဂါရှိပြီဆိုလျှင်ဆရာဝန်နှင့်တိုင်ပင်ကုသခြင်းဖြင့်နောက်ဆက်တွဲဆိုးကျိုးများကိုတားဆီးကာကွယ်နိုင်မည်ဖြစ်သည်။
-ကိုယ်အလေးချိန်လျော့ချခြင်း
-အခြားရောဂါများပါစစ်ဆေးကုသခြင်း
-နှာခေါင်း,လည်ချောင်း,မေးရိုးခွဲစိတ်ကုသခြင်း
– CPAP စသည့်ကိရိယာများဖြင့် ကုသခြင်းများပြုလုပ်နိုင်သည်။
ထို့အပြင် အိပ်ပျော်နေစဥ် အသက်ရှုရပ်ခြင်း Sleep apnoea ရှိ၊မရှိကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တစ်ညတာ sleep test လုပ်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။
Sleep test or sleep study or polysomnography (အိပ်ပျော်မှု စစ်ဆေးခြင်း)
Sleep test ဆိုသည်မှာ အိပ်ပျော်နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အနေထားများကိုတိုင်းတာခြင်းဖြစ်သည်။အဓိကအားဖြင့် အိပ်ပျော်နေစဥ် အသက်ရှုရပ်/မရပ်၊သွေးတွင်း အောက်စီဂျင်ကျ/မကျ၊အသက်ရှုနှုန်း နှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊အသက်ရှုရပ်သွားပါကလည်း ရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား ၊အိပ်နေစဥ်နိုးမနိုး၊ဟောက်မဟောက်၊ ခန္ဓာကိုယ်ပုံစံ အနေအထား၊ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊နှလုံးခုန်လှိုင်းများ (ECG) ၊ခြေလက်လှုပ်ရှားမှုများ၊ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်နိုင်ပါသည်။Sleep test မှ ၁နာရီတွင် ၁၅ကြိမ်နှင့်အထက် အသက်ရှုရပ်တန့်သွားခြင်း(15 apnea or hypoapnea/hr)၊ ၁ကြိမ်ရပ်လျှင် ၁၀ စက္ကန့်နှင့်အထက်ကြာမြင့်ခြင်းတို့ဖြစ်ပါက moderate sleep apnoea/hypoapnea syndrome လို့ ခေါ်ဆိုနိုင်သည်။
ယခုအခါ OSA ရောဂါအတွက် sleep Study စစ်ဆေးခြင်းများဖြစ်သော Level I & III များကို ဗဟိုစည်ဆေးရုံ၌ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အသေးစိတ်စုံစမ်းလိုပါက
09940730301
လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်
အမှတ်၁-၆၊ ဗဟိုရ်စည်အိမ်ယာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ရန်ကုန်