PICC ဆိုသည်မှာ သွေးပြန်ကြောအတွင်း၌ သေးငယ်ပျော့ပြောင်း ရှည်လျားသော Catheter ထည့်ခြင်းဖြစ်ပါသည်။ သာမန် Catheter နဲ့မတူသော အချက်မှာ ၄င်း Catheter ၏ ထိပ်ဖျားလေးမှာပိုမိုကြီးသော သွေးပြန်ကြောအတွင်းထိတိုင်အောင် ထည့်သွင်းထားခြင်းဖြစ်ပါသည်။

ထို့ကြောင် ဆေးသွင်းရာ၌သွေးကြောရှာရခက်ခဲခြင်း၊ Peripheral သွေးကြောရောင်ခြင်း၊ Leakage ဖြစ်ခြင်းစသော အရာများ ပိုမိုလျော့ နည်းစေနိုင် ပါသည်။ တခြားသော Central Line များနှင့်မတူသော အချက်မှာ ပြင်ပ Entry Point အား လက်မောင်း အတွင်းပိုင်းတွင် ထားရှိခြင်းကြောင့် သွားလာ လှုပ်ရှားမှုနှင့် Care ပေးခြင်းတို့တွင် ပိုမိုလွယ်ကူစေနိုင်ခြင်းရှိသည့် အပြင် Complication and Risk အနည်းဆုံးဖြင့် ပိုမိုကြာရှည်စွာ အသုံးပြုနိုင် ပါသည်။ PICC ထည့်ခြင်းအား Ultrasound and Fluoroscopy Guided ဖြင့် ထိခိုက်မှုအနည်းဆုံး နှင့် အန္တာရာယ်ကင်းစွာဖြင့် Interventional Radiologist မှထည့်ပေးခြင်းဖြစ်ပါသည်။

PICC အသုံးပြုသင့်သည့်လူနာများ
(၁) ကင်ဆာဆေးသွင်းသူများ
(၂) နာတာရှည်သွေးကြောမှတဆင့် Nutrition ယူနေရသူများ
(၃) ကုသမှုများတွင် သွေးကြောရှာရအလွန်ခက်ခဲသူများ
(၄) ကြာရှည်စွာ ပိုးသက်ဆေးသွင်းကုသရန်လိုအပ်သူများ