Sleep Study ဆိုသည်မှာ အိပ်​ပျော်​နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်​ပေါ်​နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အ​နေထားများကိုတိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်​ပျော်​နေစဥ် အသက်ရှုရပ်/မရပ်၊​ သွေးတွင်း ​အောက်စီဂျင်ကျ/မကျ၊ အသက်ရှုနှုန်း နှင့် ​နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အသက်ရှုရပ်သွားပါကလည်းရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား၊ အိပ်​နေစဥ်နိုး /မနိုး၊ ​ဟောက်/မ​ဟောက်၊ ခန္ဓာကိုယ်ပုံစံ အ​နေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG) ၊ ခြေလက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

♦Phone-01-2300631(Hot Line)

♦Phone-09-940730301

♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

⇒More Health Info⇐