CANCER PACKAGE
ကင်ဆာ ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်း (Male, Female)
ယခုအခါ ကမ္ဘာနှင့်တစ်ဝန်းတွင် လူကြီးလူငယ်ကျားမ မရွေး ကင်ဆာဖြစ်ပွါးမှုနှုန်း မြင့်တတ်လျက်ရှိပါသည်။ ကင်ဆာရောဂါသည် မျိုးရိုးကြောင့်သော်လည်ကောင်း၊ စားသောက်နေထိုင်မှုပုံစံ Lifestyle Changes စသည်လူနေမှုပုံစံ အကြောင်းအမျိုးမျိုးကြောင့်သော်လည်ကောင်း ကင်ဆာရောဂါဖြစ်လာရပါသည်။ ကင်ဆာဆဲလ်တွေဟာရောဂါရှိသောနေရာတွင်သာမက ကိုယ်ခန္ဓာအနှံ့မှာ ကုပ်တွယ်ပျံနှံ့တတ်ပါသည်။ ကုသမှုခံယူသည့်အခါတွင်းလည်းလူနာ၏အသက်အရွယ် တစ်ခြားရောဂါအခံရှိမရှိ ကုသမှုဒဏ် ခံနိုင်မခံနိုင် လူနာ၏ဆန္ဒစသော လူနာတစ်ဦးချင်းစီ၏အခြေအနေပေါ်မူတည်ပြီး ကင်ဆာဆဲလ်အမျိုးအစားအလိုက်သင့်လျော်သော ကုသမှုနှင့် အကောင်းဆုံးဖြစ်စေမည့်ကုသမှုများကိုရွေးချယ်ကုသသင့်ပါသည်။
ကင်ဆာဆဲလ်ပျံ့ပွါးနိုင်သောနည်းလမ်းလေးခုရှိပါသည်။
- ကင်ဆာအလုံးအကြိတ်နှင့်ကင်ဆာအနာများစတင်ဖြစ်ပေါ်လာသည့်နေရာမှာပင်တစ်ဖြည်းဖြည်းကြီးလာခြင်း၊
- (Lymph Node) ပြန်ရည်အကြိတ်ကတစ်ဆင့်ကင်ဆာဆဲလ်ပျံ့ပွါးနိုင်ခြင်း၊
- ကင်ဆာဆဲလ်တွေသည် သွေးကြောမှတစ်ဆင့် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုး ခန္ဓာကိုယ်နေရာအနှံ့ကိုရောက်ရှိပျံပွါးနိုင်ခြင်း၊
- (Trans coelomic) ဝမ်းဗိုက်အတွင်းမှ အစာအိမ်၊ မျိုးဥအိမ် တို့တွင်ကင်ဆာဆဲလ်ပျံ့ပွါးနိုင်ခြင်း တို့ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးတွင် ကင်ဆာရှိမရှိစစ်ဆေးတိုင်းတာခြင်းကို ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများနှင့်ခေတ်မီပြီး နိုင်ငံတကာမှတင်သွင်းသော နောက်ဆုံးပေါ်စက်ကိရိယာကြီးများကို အသုံးပြုကာ မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါ၏အစောဆုံးအဆင့်၊ ရောဂါအခြေအနေတွေကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးနေပါသည်။ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Cancer Screening Check-Up Package များအတွက်အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်ခင်ဗျာ။
ဗဟိုရ်စည်ဆေးရုံကြီး၏ Cancer ရောဂါရှာဖွေးရေးဌာနတွင်
- Cancer Screening(Male) (အမျိုးသားများအတွက် ကင်ဆာရှိ/မရှိစစ်ဆေးခြင်း)၊
- Cancer Screening(Female) (အမျိုးသမီးများအတွက် ကင်ဆာရှိ/မရှိစစ်ဆေးခြင်း)၊
များကိုပြုလုပ်ရရှိနိုင်မည်ဖြစ်ပါသည်။
| Program(အစီအစဉ်) | Cancer Screening | Cancer Screening | |
|---|---|---|---|
| ( Male ) | ( Female ) | ||
| ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting |
|
|
| မျက်စိစမ်းသပ်စစ်ဆေးခြင်( မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening |
|
|
| နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening |
|
|
| သွေးဆဲလ်များအားဓာတ်ခွဲစစ်ဆေးခြင်း | Complete Blood Picture |
|
|
| သွေးနီဥ အနည်ထိုင်နှုန်းစစ်ဆေးခြင်း | ESR |
|
|
| အစာမစားမီ သွေးထဲရှိသကြားဓာတ်တိုင်းတာခြင်း | FBS |
|
|
| အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test | Liver Function test, T&DP (Albumin, Globulin) |
|
|
| ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test | BUN/Urea, Creatinine |
|
|
| အသည်းကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း | AFP |
|
|
| အူလမ်းကြောင်းကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း | CEA |
|
|
| ဆီးကျိတ်ကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း | Total PSA, Free PSA |
|
|
| ပန်ကရိယ / အူမကြီးကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း | CA 19-9 |
|
|
| ရင်သားကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း | CA 15-3 |
|
|
| သားဥအိမ်ကင်ဆာ ဇီဝအမှတ်အသား တိုင်းတာခြင်း | CA 125 |
|
|
| သားအိမ်ခေါင်းကင်ဆာ ဆဲလ် ရှိ/မရှိ စစ်ဆေးခြင်း | Pap smear test |
|
|
| ဆီးစစ်ဆေးခြင်း | Urine Exam |
|
|
| ဝမ်းစစ်ဆေးခြင်း | Stool Exam |
|
|
| အစာအိမ် အူလမ်းကြောင်းတွင်သွေးယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးခြင်း | Stool for Occult Blood |
|
|
| ရင်ဘက်ဓာတ်မှန်ရိုက်ခြင်း | Digital Chest X-ray(PA) |
|
|
| ဝမ်းဗိုက်တခုလုံးအားအသံလှိုင်းဖြင့် ရောဂါရှာဖွေခြင်း | Ultrasound(Abdomen+pelvic) |
|
|
| မနက်စာစားသုံးခွင့်ကူပွန် | Breakfast Coupon |
|
|
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)
