GOLD PACKAGE

ယနေ့အချိန်အခါ မိမိတို့ပတ်ဝန်းကျင်တွင် ကူးစက်စေသောရောဂါများ (သို့) မကူးစက်စေသောရောဂါများ (ဥပမာ-ကင်ဆာ/ အဝလွန်/နှလုံး)ဖြစ်ပွားမှုများသည် အသက်အရွယ် ၊ကျားမ မရွေးပိုမိုများပြားစွာဖြစ်ပွား သေဆုံးလျက်ရှိနေသည်ကို တွေ့ မြင်နေရပါတယ်။

“ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်းမွန်သည်” ဆိုသည့်အတိုင်း မိမိတွင်ဖြစ်ပေါ်နိုင်သော ရောဂါများကို ကြိုတင်သိရှိမှသာ ကာကွယ်ခြင်း၊စောလျင်စွာထိန်းချုပ်ကုသခြင်းဖြင့် အကုန်အကျနည်းပါးစွာ မိမိ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါတယ်။

Medical Check-up ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါတယ်-

  • ရောဂါဖြစ်စေနိုင်သော Risk ကိုလျော့ချနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာသိရှိနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာ ကုသနိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ခြင်း၊
  • မိမိရှိရင်းစွဲရောဂါ အခံ၏ နောက်ဆက်တွဲဆိုးကျိုးကို စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊
  • မိမိကျန်းမာရေးအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေနိုင်ခြင်း၊
  • ရောဂါရင့်မှ ကုသရခြင်းထက် ကုန်ကျမှုစရိတ်သက်သာစေခြင်း၊
  • မိမိကျန်းမာရေးအတွက် ဆရာဝန်များဖြင့် ပိုမိုတိုင်ပင်နိုင်ခြင်း၊
  • အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် Quality of Life ကို ပိုမိုရရှိနိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူများကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က မိဘပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်သည့်ကိစ္စအဝဝကိုသိရှိစေရန် အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Gold Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောအထူးကုဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိရောဂါအခြေအနေများကို သိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါကသက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

Program(အစီအစဉ်)
Age(အသက်အပိုင်းအခြား)
Silver Gold Diamond
Male Female
14-30 30-45 45 up
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) Eye Exam Screening  
နားအကြားအာရုံစစ်ဆေးခြင်း Hearing Screening  
သွေးဆဲလ်များအားဓါတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
သွေးထဲရှိသကြားဓါတ်အားတိုင်းတာခြင်း Blood Sugar Screening FBS
HbA1C    
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း Liver Function Test SGPT
SGOT
Alkaline Phosphatase  
GGT    
Bilirubin(Total Bilirubin)    
T & DP (Albumin,Globulin)    
ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test BUN/Urea
Creatinite
လည်ပင်းကြီးရောဂါရှိ/မရှိစစ်ဆေးခြင်း Thyroid Screening TSH    
T4    
ဂေါက်/ ဒူလာရောဂါရှိ / မရှိစစ်ဆေးခြင်း Uric Acid
သွေးထဲရှိအဆီဓါတ်တိုင်းတာခြင်းLipid Profile Cholesterol
Triglceride  
HDL  
LDL  
VLDL  
C/H Ratio  
အသည်းကင်ဆာ ဇီဝအမှတ်အသားတိုင်းတာခြင်း AFP    
အူလမ်းကြောင်းကင်ဆာဇီဝအမှတ်သားတိုင်းတာခြင်း CEA    
ဆီးကျိတ်ကင်ဆာဇီဝအမှတ်အသားတိုင်းတာခြင်း Total PSA,Free PSA    
 
ပန်ကရိယ / အူမကြီးကင်ဆာ ဇီ၀အမှတ်အသား CA 19-9        
ရင်သားကင်ဆာ ဇီ၀အမှတ်အသား CA 15-3        
သားဥအိမ်ကင်ဆာ ဇီ၀အမှတ်အသား CA 125        
ဆီးစစ်ဆေးခြင်း Urine Exam
ဝမ်းစစ်ဆေးခြင်း Stool Exam    
ရင်ဘတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း Computerized Chest X-ray
အီးစီဂျီစစ်ဆေးခြင်း ECG
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း Ultrasound Whole Abdomen
အရိုးသိပ်သည်းဆတိုင်းတာခြင်း(ခါးရိုးနှင့်တင်ပါးဆုံ)
Cervix Screening
Dexa Scan Lumber and Both Hip    
သားအိမ်ခေါင်းကင်ဆာအသားစစစ်ဆေးခြင်း
Cervix Screening
Thin prep pap smear test      

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့မှအပနေ့စဉ် နံနက် ၈နညရီမှညနေ ၄နာရီအထိ ကျန်မာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8am to 4pm daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4515), 4001, 4002 (ရုံးချိန်ပြင်ပ)