Emergency Service

EMERGENCY DEPARTMENT
 အရေးပေါ်လူနာဌာန (၂၄)နာရီ

ဗဟိုရ်စည်ဆေးရုံကြီး၏ Emergency Department (အရေးပေါ်လူနာဌာန)တွင် (၂၄)နာရီ အရေးပေါ်လူနာများအတွက် သန့်ရှင်းကျယ်ဝန်းသပ်ရပ်သော အရေးပေါ်လူနာအခန်းများနှင့် ခေတ်မီသော ကျန်းမာရေးအထောက်အကူပြု စက်ပစ္စည်းကိရိယာများကို အသုံးပြုကာ အတွေ့အကြုံရင့်ကျက်၍ ကျွမ်းကျင်သော Medical Team တာဝန်ကျအထူးကုဆရာဝန်၊ ဆရာမများ သူနာပြုဆရာမများဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

  • Medical Team (Home Care Service)၊
  • Trauma (အရေးပေါ်ထိခိုက်ဒဏ်ရာရခြင်း)၊
  • (All Emergency Cases) (အခြားသောအရေးပေါ်အခြေအနေများ)၊
  • Catheterization Services (ဆီးပိုက်ထည့်ပေးခြင်း/ဖြုတ်ခြင်း)၊
  • Ryle’s Tube Insertion (နှာခေါင်းပိုက်ထည့်ခြင်း)၊
  • Dressing (အနာဆေးထည့်ခြင်း)၊
  • RBS (ဆီးချိုဖောက်စစ်ပေးခြင်း)၊
  • Nebulization (ဆေးရှုပေးခြင်း)၊
  • Injection Care Services (IV, IU) (ဆေးထိုးပေးခြင်း)၊
  • Infusion Care Services (Drip) (ဆေးသွင်းပေးခြင်း)၊
  • Vaccination Services (Rabies, Flu, Hepatitis, Tetanus) (ကာကွယ်ဆေးထိုးပေးခြင်း)၊
  • Wheelchair Rented Service (WC ငှားခြင်း)၊
  • Venesection (ဆရာဝန်ညွှန်ကြားချက်ဖြင့် သွေးဖောက်ထုတ်ကုသပေးခြင်း) များအပြင် အရေးပေါ်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်အောက်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းစသည့် အရေးပေါ်အခြေအနေများအတွက် လူနာများကို အစဉ်ပြေအောင်ဝန်ဆောင်မှုပေးရန် ၂၄နာရီအမြဲအသင့်ရှိနေပြီး လိုအပ်ပါကရောဂါဝေဒနာအလိုက် သက်ဆိုင်သော အထူးကုဆရာဝန်ကြီးများနှင့်ချိတ်ဆက်ကာ အထူးကြပ်မတ်ကုသဆောင်(Intensive Care Unit)သို့ လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်ပေးပြီး လူနာများအဆင်ပြေစွာကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေပါသည်။
AMBULANCE

အရေးပေါ်လူနာများ အဆင်ပြေစွာကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် ခေတ်မီသောကျန်းမာရေးအထောက်အကူပြု စက်ကိရိယာများ၊ အတွေအတွေအကြုံရင့်ကျက်၍ ကျွမ်းကျင်သော Medical Team တာဝန်ကျအထူးကု ဆရာဝန်/ဆရာမများနှင့် သူနာပြုဆရာမများ၊ ကျွမ်းကျင်သောAmbulance Car Driverများဖြင့် ရန်ကုန်မြို့တွင်းနှင့် လေဆိပ်အထိ(၂၄)နာရီအရေးပေါ်ဝန်ဆောင်မှုထားရှိခြင်း။

ဗဟိုရ်စည်ဆေးရုံကြီး၏ Ambulance Servicesတွင် အရေးပေါ်လူနာများအဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် Ambulance Car အတွင်း

  • ခေတ်မီသောကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းကိရိယာများ 
  • အတွေ့အကြုံရင့်ကျက်၍ကျွမ်းကျင်သော Medical Teamတာဝန်ကျအထူးကုဆရာဝန်/ဆရာမများနှင့် သူနာပြုဆရာမများ 
  • ကျွမ်းကျင်သောAmbulance Car Driverများဖြင့် ရန်ကုန်မြို့တွင်းနှင့် လေဆိပ်အထိ (၂၄)နာရီ အရေးပေါ်ဝန်ဆောင်မှုထားရှိခြင်းကိုဆောင်ရွက်ပေးနေပါသည်။
EMERGENCY

(၂၄)နာရီအရေးပေါ်လူနာများအတွက်ခေတ်မီသောကျန်းမာရေးအထောက်အကူပြု စက်ပစ္စည်းကိရိယာများကိုအသုံးပြုကာ အတွေအကြုံရင့်ကျက်၍ ကျွမ်းကျင်သောMedical Team တာဝန်ကျအထူးကု ဆရာဝန်/ဆရာမများ၊ သူနာပြုဆရာမများနှင့် အရေးပေါ်အခြေအနေများအတွက် လူနာများကို အစဉ်ပြေအောင် ဝန်ဆောင်မှုပေးရန်၂၄ နာရီ အမြဲအသင့်ရှိနေခြင်း။