OEC-OPTION ENDOSCOPY CENTER (အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့် ဌာန)
မိဘပြည်သူများ၏ စားသောက်နေထိုင်မှုပုံစံ (lifestyle , environment)တို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများသည် အခုနောက်ပိုင်းအဖြစ်များလာပြီး လူလတ်ပိုင်းအတွင်းမှာ ဖြစ်နိုင်ခြေပိုများကြောင်းလည်း သိရှိရပါသည်။ အစာအိမ်အနာရောဂါ စဖြစ်ပြီဆိုလျှင် ဆေးအမြဲသောက်နေရပြီး နှစ်ရှည်ကုသရသော ရောဂါတစ်ခုဖြစ်သောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများကို အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါအခြေအနေများကိုစောစီးစွာသိရှိပြီး တစ်ချိန်ထဲမှာပင် ကုသမှုခံယူနိုင်သောကြောင့် အကျိုးထိရောက်သော (Therapeutic & Effective Investigation)ရောဂါကုထုံးတစ်မျိုးဖြစ်ပါသည်။
GI Endoscopy ဆိုတာဘာလဲ?(GI Endoscopy) ဆိုသည်မှာခန္ဓာကိုယ်အတွင်းပိုင်းရှိ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ရောဂါအခြေအနေများကို နာကျင်မှုမရှိ၊ မခွဲမစိတ်ဘဲ မှန်ပြောင်းပါသည့် ပျော့ပြောင်းသောလက်သန်းလုံးခန့်ပိုက်ငယ် (Fibre Optic Endoscope) ကို အသုံးပြု၍ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျောက်ပုံမှန်မဟုတ်သော ရောဂါအခြေအနေများကို ကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုကာ ရှာဖွေကုသခြင်းနှင့် ကုသခြင်းကိုတစ်ချိန်တည်းပြုလုပ်နိုင်သော နည်းပညာတစ်မျိုးဖြစ်ပါသည်။
ဘယ်လိုလူတွေကို စစ်ဆေးသင့်သလဲ?
အစရှိသော ရောဂါလက္ခဏာများ ရုတ်ချည်း (သို့) ရေရှည်ခံစားနေရလျှင် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ကာ စစ်ဆေးကုသမှုခံယူသင့်ပါသည်။
ဗဟိုရ်စည်ဆေးရုံကြီး၏ မှန်ပြောင်းကြည့်ဌာန (Endoscopy Center) တွင်
“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
လူနာများ၏ ကျန်းမာရေးဘေးကင်း၊ လုံခြုံ၊ စိတ်ချရမှုရရှိစေရန် အတွက် ဝါရင့် အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေး၊ထုံဆေးဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သောသူနာပြုများမှနောက်ဆုံးပေါ် စက်ကိရိယာများ၊ နည်းပညာများကို အသုံးပြု၍ လူကြီးမင်းတို့အား အတိကျဆုံးနှင့် အကောင်းဆုံး အဖြေများ၊ ကုသမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါသည်။