Magnetic Resonance Imaging (MRI) စသည်တို့ကို အသုံးပြု ၍ ရောဂါရှာဖွေပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါဖြစ်နေသော နေရာအား Angio Machine ကိုအသုံးပြု၍ ထိခိုက်မှုအနည်းဆုံးဖြင့် တိကျမှန်ကန်စွာ ကုသပေးခြင်းဖြစ်ပါသည်။ IR ကုသမှုတွင် အရေပြားမှ သေးငယ်သော အပေါက်ဖောက်၍ သွေးကြောမှတဆင့် သေးငယ်သော Microcatheter ထည့်ကာ ၎င်းမှတဆင့် သေးငယ်သော Guide Wire ဖြင့်ထည့်သွင်းပြီး ပုံရိပ်ဖော်ဆေးရည်ဖြင့် ပုံရိပ်ဖော်ကြည့်ရှူ၍ လိုအပ်သောရောဂါ ရှာဖွေကုသပေးခြင်းဖြစ်ပါသည်။
Interventional Radiology သည် Minimal Invasive နည်းဖြင့် ရောဂါဖြစ်ပွားသောနေရာအား ဘေးအန္တရာယ်အနည်းဆုံးဖြင့်တိကျစွာ ပုံရိပ်ဖော်ကုသခြင်းဖြစ်သောကြောင့် သမားရိုးကျ အကြီးစားခွဲစိတ်ခြင်း ကဲ့သို့ လူနာမှမခံစားရခြင်း၊ ဆေးရုံတွင်ရက်ကြာရှည်စွာ တက်ရောက်ကုသရန်မလိုခြင်း၊ ကုသမှုခံယူပြီး စောလျင်စွာ ပုံမှန် လှုပ်ရှားသွားလာနိုင်ခြင်း နှင့် လုပ်ငန်းခွင်သို့စောလျင်စွာပြန်လည်ဝင်နိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
Interventional Radiology Department တွင်ကုသနိုင်သောရောဂါမျာမှား
ရောဂါများကို ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီးများဦးဆောင်ပြီးခေတ်မီစက်ကိရိယာကြီးများကိုအသုံးပြုကာ လူနာများ၏ရောဂါအခြေအနေများသက်သာပျောက်ကင်းပြီးစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်အတွက် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေပါသည်။
Interventional Radiology Department