Oncology Center

ကင်ဆာဆေးသွင်းကုသဌာနအား ဖွင့်လှစ်ထားသည်မှာ (၁၀)စုနှစ် တစ်ခုကျော်ကြာမြင့်ခဲ့ပြီး နေ့စဉ်နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ပိတ်ရက်မရှိအတွေ့အကြုံရင့်ကျက်၍ ကျွမ်းကျင်သောဆေးဝါးပညာရှင်များနှင့် သူနာပြုများက ဆေးပြင်ဆင်ခြင်း၊ ဆေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။ ကင်ဆာဆေးသွင်းကုသရာတွင် ဆေး၏အရည်အသွေးမပျက်စီးစေရန် ဆေးပြင်ဆင်ခြင်းများကို ပိုးသက်ထားသောအခန်းတွင်စနစ်တကျပြင်ဆင်ပေးထားပါသည်။ ကင်ဆာဆေးသွင်းနေစဉ်အတွင်း လူနာကိုလုံခြုံစိတ်ချမှုရှိစေရန်အတွက် သန့်ရှင်းသပ်ရပ်၍ သက်တောင့်သက်သာရှိစေသောကုတင်တို့ဖြင့် လူနာကိုစိတ်ကျေနပ်မှုအပြည့်အဝရရှိစေရန်အတွက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုပေးကာဆောင်ရွက်ပေးနေပါသည်။