Sleep Lab

Sleep Study

ဆိုသည်မှာ အိပ်ပျော်နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အနေထားများကိုတိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်ပျော်နေစဥ် အသက်ရှုရပ်/မရပ်၊ သွေးတွင်း အောက်စီဂျင်ကျ/မကျ၊ အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊အသက်ရှုရပ်သွားပါကလည်း ရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား ၊အိပ်နေစဥ် နိုး/မနိုး၊ ဟောက်/မဟောက်၊ ခန္ဓာကိုယ်ပုံစံ အနေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG) ၊ ခြေလက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာ မှတ်တမ်းတင်စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”