🌳🌳ကမ္ဘာ့ပတ်ဝန်းကျင်နေ့ World Environment Day – 2024 (June-5)

ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟု ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့်ဖြစ်ပေါ်လာသော မြေယာယိုယွင်းမှုများနှင့် ဂေဟစနစ်များ ပြန်လည်ကောင်းမွန် လာစေရန်အတွက် ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

🛡🛡🛡သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ခြင်းဖြင့် မြေဆီလွှာများ၊ ရေအရင်းမြစ်များ၊ သစ်တော ပြုန်းတီးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပလက်စတစ်နှင့် အခြားသောအမှိုက်များကို စနစ်တကျစွန့်ပစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းများအား အတူတကွဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”