⛳️ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါအထိမ်းအမှတ်နေ့ World Asthma Day (May-7) 2024

ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါအထိမ်းအမှတ်နေ့သည် နှစ်စဉ် မေလ၏ ပထမဆုံးအင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရင်ကြပ်ပန်းနာရောဂါနှင့်ပတ်သက်၍ သတိထားစေရေးအသိပေးမှုတိုးမြှင့်စေရန်၊ သေဆုံးမှုတို့ကို သတိပြုမိစေရန်နှင့် လူနာများအား အကောင်းဆုံးကုသမှုပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Asthma Education Empowers” ဖြစ်ပါသည်။ WHO ၏အဆိုအရ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၃၅ သန်းကျော်သည် Asthma ရောဂါကို ခံစားနေကြရသည် ဟုဆိုထားပါသည်။ ထို့ကြောင် Asthma ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝများပိုင်ဆိုင်နိုင်စေရန်အတွက် မေလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော World Asthma Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”