🌍World Diabetes Day🌍

 ကမ္ဘာ့ဆီးချိုရောဂါနေ့ကို နှစ်စဉ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ “Access to Diabetes Care” ဖြစ်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် လူပေါင်းသန်း (၄၀၀) ကျော်မှာ ဆီးချိုရောဂါဖြင့် နေထိုင်နေရပါသည်ဟုဆိုထားပါသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ် (IDF) ၏စာရင်းဇယားများအရ လူပေါင်း (၆၄၂) သန်းခန့်သည် ၂၀၄၀ ခုနှစ်တွင် ဆီးချိုရောဂါဖြင့် နေထိုင်ရမည်ဟု ဖော်ပြနေပါသည်။ ဤစိုးရိမ်ဖွယ် ကိန်းဂဏန်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာ့ဆီးချိုရောဂါနေ့ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂက ကမ္ဘာ့ဆီးချိုနေ့အဖြစ် နိုဝင်ဘာလ (၁၄) ရက်ကို ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။ ဆာ ဖရက်ဒရစ် ဘန်တင်သည် အင်ဆူလင်ကို ရှာဖွေတွေ့ရှိခဲ့သောသူဖြစ်သောကြောင့် ဆာ ဖရက်ဒရစ် ဘန်တင် ၏ မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် အဆိုပါ ရက်စွဲအား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းနောက် ကမ္ဘာ့ပထမဆုံး ဆီးချို ရောဂါနေ့ကို ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၁၄ရက် နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်။ ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ရန်နည်းလမ်းများနှင့်ပတ်သက်၍ အသိပေးမှုပျံ့နှံ့စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် မလိုလားအပ်သောရောဂါများနှင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ဆီးချို ရောဂါနေ့ (World Diabetes Day) ကို ဗဟိုရ်စည် ဆေးရုံကြီးမှကြိုဆိုဂုဏ်ပြု လိုက်ရပါသည်ခင်ဗျာ။

ဆီးချိုရောဂါဆိုတာဘာလဲ

ဆီးချိုရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော နာတာရှည်ရောဂါမျိုးဖြစ်သောကြောင့် အထူးဂရုစိုက်သင့် ပါသည်။ သွေးတွင်းဂလူးကို့စ်မြင့်မားလွန်းသောအခါ ဆီးချိုရောဂါဖြစ်တတ်ပါသည်။ အင်ဆူလင်(Insulin) ဟော်မုန်းကို Pancreas မှထုတ်လုပ်ပေးပြီး အင်ဆူလင်သည် စားလိုက်သောအခါမှ အချိုဓာတ်(Glucose) ကို ခန္ဓာကိုယ် တွင်းရှိ ဆဲလ်အတွင်းတွင် စွမ်းအင်အနေဖြင့် သိမ်းဆည်းပေးထားပါသည်။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားရခြင်းမှာ ခန္ဓာကိုယ်သည် အင်ဆူလင်ကိုလုံလောက်စွာမထုတ်နိုင်ခြင်း (သို့) ထုတ်လုပ်သောအင်ဆူလင်ကို ထိရောက်စွာ အသုံးမချနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အချိုဓာတ်များအချိန်ကြာမြင့်စွာရှိပြီး ရောဂါဖြစ်ပွားလာနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်သည် ကျွန်တော်တို့စားနေသော အစားအစာများထဲတွင်လည်းပါဝင်ပြီး သွေးထဲတွင် ဂလူးကို့စ် အလွန်များလွန်းပါက ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ဆီးချို၏နောက်ဆက်တွဲရောဂါများ

 ဆီးချိုရောဂါကြောင့် မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ခြေလက်ဖြတ်ရခြင်း တို့သည် အဓိကအကြောင်းအရင်းများဖြစ်ပါသည်။

ဆီးချိုရောဂါ၏လက္ခဏာများ

 ကိုယ်အလေးချိန်နည်းခြင်း၊ အဝလွန်ခြင်းများဖြစ်ပါက ဆီးချိုရောဂါခံစားရနိုင်သော အန္တရာယ်ပိုများသောကြောင့် ဆရာဝန်ဖြင့်တိုင်ပင်ကုသသင့်ပါသည်ခင်ဗျာ။ လူနာ၏အသက်အရွယ်နှင့် ဆီးချိုအမျိုးအစားပေါ်မူတည်ပြီး ရောဂါ လက္ခဏာများလည်းကွဲပြားနိုင်ပါသည်။ ဆီးချိုရောဂါသည်များ၏ အဓိကလက္ခဏာများမှာ ဆီးမကြာခဏသွားခြင်း၊ ရေမကြာခဏငတ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကိုယ်အလေးအချိန်လျော့နည်းလာခြင်း၊ အဝလွန်ခြင်း၊ ဒဏ်ရာအနာ ကြက်မှုနှေးကွေးခြင်းများဖြစ်ပါသည်။

🛡🛡ဆီးချိုရောဂါကြောင့်မလိုလားအပ်သောရောဂါများကိုကာကွယ်ပါ

 ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာစားခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း စသည်တို့သည်ဆီးချိုရောဂါကိုတားဆီးနိုင်သည့် နည်းလမ်းများဖြစ်ပါသည်။ ဆီးချိုရောဂါနှင့် ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှု၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ အချိန်မီဆေးဝါးကုသမှုတို့ဖြင့် ရှောင်ရှားနိုင်ပါသည်။

☝️☝️အထက်ပါဆီးချိုသွေးချိုကျန်းမာရေးပြဿနာများအား ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Diabetes Care Check-Up (ဆီးချိုသွေးချို ကျန်းမာရေးစစ်ဆေးခြင်း) ဖြင့် ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”