🙏ပျော်ရွှင်စရာမြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ🙏
နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပါတယ်။ ထိုနေ့တွင် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဆိုပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ သက်ကြီးရွယ်အိုများအား တရော်ကင်ပွန်းဖြင့် ခေါင်းလျှော် ဆေးကြောကာပူဇော်ကန်တော့ကြခြင်း၊ ဇီဝိတဒါန အလှူပြုခြင်းများကို ဆောင်ရွက်လေ့ရှိကြရာ မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်ပါတယ်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ ပါမလာစေရန်တွက် ယနေ့ကျရောက်သော နှစ်ဆန်းတစ်ရက်နေ့ အချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြသော လူသားများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကာ စီးပွား လာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။💐💐💐
 
ဗဟိုရ်စည်ဆေးရုံဝန်ထမ်းမိသားစု၏ နှစ်ဦးပရိတ်တရားတော်နာကုသိုလ်နှင့် ဌာနအလိုက် ဝန်ထမ်းများ​၏ အလှူအား အားလုံးထပ်တူထပ်မျှရကြစေရန် အမျှ ပေးဝေပါတယ် ခင်ဗျာ။ 🙏🙏🙏

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”