ပြာသိုလပြည့်နေ့ အမေများနေ့
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အမေများကိုဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ပြာသိုလပြည့်နေ့အား အမေများနေ့အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများစွာတွင် အမေများနေ့ကို ရက်အသီးသီးဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂရိရောမခေတ်မှစတင်၍ ယနေ့ခေတ်အထိကျင်းပခဲ့သည်ဟုဆိုပါသည်။ ၁၉၉၅ခုနှစ် ၊ ပြာသိုလပြည့်နေ့၌ ဆရာကြီး ဦးသုခ၏ကြိုးပမ်းမှုဖြင့် မန္တလေးတွင်စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ် ပြာသိုလပြည့်နေ့အား အမေများနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ အမေများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဘကျေးဇူးကို သိတတ်သော သားကောင်း သမီးကောင်းရတနာများ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါသည်ခင်ဗျာ။
မိမိချစ်ခင်လေးစားရသော မိခင်၊ ဖခင်များအား ကျေးဇူးဆပ်သည့်အနေဖြင့် ကျန်းမာရေး စစ်ဆေးပေးလိုသော သားသမီးများအတွက်လည်း ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ ကျန်းမာရေး စစ်ဆေးခြင်း Medical Check Up များကို အသက်အရွယ်အလိုက် ရွေးချယ်စစ်ဆေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”