World Cancer Day

နှစ်စဉ် ဖေဖော်ဝါရီလ (၄) ရက်နေ့ကို ကမ္ဘာ့ကင်ဆာနေ့အဖြစ်ကျင်းပခဲ့ပြီး ကင်ဆာရောဂါကို ကြိုတင် ကာကွယ်ရန်၊ ကုသမှုများအားမြှင့်တင်ပေးရန်၊ သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်အထည်ဖော်ရန်၊ နှစ်စဉ်ထောင်နှင့်ချီသောအသက်များကယ်တင်နိုင်ရန်နှင့် စောစောသိရှိထား ပါက ကြိုတင်ကုသမှုများခံယူနိုင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ (၂၀၂၃) ခုနှစ် World Cancer Day ၏ဆောင်ပုဒ်မှာ Close the Care Gap” ဖြစ်ပါသည်။ ကင်ဆာရောဂါသည် ကမ္ဘာ တစ်ဝန်းတွင် သေဆုံးရသည့် ဒုတိယအများဆုံးဖြစ်ပြီး WHO ၏အဆိုအရ တစ်နှစ်လျှင် (၆) ယောက်တွင် (၁) ယောက်နှုန်းသည် ကင်ဆာရောဂါကိုခံစားနေရသည်ဟုဆိုပါသည်။ ထိုကြောင့် ကင်ဆာနှင့်ပတ်သက်၍ မလိုလားအပ်သောရောဂါများနှင့် ကြိုတင်ကာကွယ်မှုများအတွက် ဗဟုသုတ ရရှိစေပြီး ကင်ဆာကင်းစင်သောကမ္ဘာကြီးဖြစ်စေရန် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းမိ သားစုများမှ World Cancer Day အားကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။

ကင်ဆာရောဂါနှင့် ပတ်သက်၍ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Cancer Screening Check-Up Package ဖြင့် ကင်ဆာရှိ/မရှိ စစ်ဆေးတိုင်းတာခြင်းများကို ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများနှင့် ခေတ်မီပြီး နိုင်ငံတကာမှတင်သွင်းသော စက်ကိရိယာများကိုအသုံးပြုကာ ရောဂါ၏အစောဆုံးအဆင့်၊ ရောဂါ     အခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။ 

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”