🙏မင်္ဂလာပါခင်ဗျာ🙏
ဗဟိုရ်စည်ဆေးရုံကြီးတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ နှစ်ရှည်စွာ ယခုလက်ရှိအချိန်ထိ Finance & Accounting Dept. တွင် တာဝန်ကျေပွန်စွာ((၄)နှစ်ဆက်တိုက်) အချိန်ရက်မပျက်ဘဲ လက်တွဲလုပ်ကိုင်နေသော Finance Manager အစ်မ ဒေါ်သန်းသန်းနိုင်အား ဗဟိုရ်စည်ဆေးရုံကြီး၏ မိသားစုဝင်တစ်ဦးအနေဖြင့် ဝမ်းမြောက်စွာ အချိန်ရက်မပျက်ဆုချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🎆🎇💐
 
💐မင်္ဂလာပါ အစ်မနာမည်ကတော့ မသန်းသန်းနိုင်ဖြစ်ပါတယ်။ ဗဟိုရ်စည်ဆေးရုံမှာ (၁.၁.၁၉၉၉) ခုနှစ်ကနေစပြီး စတင်တာဝန်ထမ်းဆောင်ခဲ့တာ အခုဆိုရင် (၂၄)နှစ်ရှိပါပြီ။ (၁.၁.၁၉၉၉) ခုနှစ် ဆေးစတိုမှာ Medical Store- Keeper ရာထူးနဲ့အလုပ်စဝင်ခဲ့ပါတယ်။ (၁.၃.၂၀၀၁) ခုနှစ်မှာ Asst. Accountant ရာထူးသို့ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ပြီး၊ (၁.၄.၂၀၁၄)ခုနှစ်တွင် Accountant ရာထူး၊ (၁.၁.၂၀၁၇) ခုနှစ်မှာ Senior Accountant ရာထူး၊ (၁.၁.၂၀၂၁) မှာ Finance Manager ရာထူးသို့ တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရပါတယ်။ စီးပွားရေး တက္ကသိုလ်မှ B Econ (ECO) ဘွဲ့ရပြီးနောက် ကုမ္ပဏီများတွင် အလုပ်လျောက်ထားပြီး Interview များစွာဖြေခဲ့ပါတယ်။ ကုမ္ပဏီအချို့မှာလည်း အလုပ်ဝင်ခဲ့ပါတယ်။ သို့သော် ထိုအလုပ်များတွင်နှစ်ရှည်မလုပ်ဖြစ်ဘဲ ဗဟိုရ်စည်ဆေးရုံသို့ Bahosi Medical Center ဟုဆေးခန်းမဖွင့်ခင် (၁၉၉၄) ခုနှစ် ဒီဇင်ဘာ အလုပ်ခေါ်ရာ Interview ဝင်ဖြေခဲ့ပြီး (၁၉၉၄) ခုနှစ် ဒီဇင်ဘာမှာ သူနာပြုအကူရာထူးဖြင့် အလုပ်ရရှိခဲ့ပါတယ်။ (၁၉၉၆) ခုနှစ်တွင် ဆေးကုမ္ပဏီတစ်ခုသို့ အလုပ်ပြောင်းရွှေ့ခဲ့ပြီး ထိုဆေးကုမ္ပဏီတွင် (၂)နှစ်ခန့် အလုပ်လုပ်ခဲ့ပါတယ်။ (၁၉၉၉) ခုနှစ်မှာ Bahosi Medical Center (ယခုဗဟိုရ်စည်ဆေးရုံ)တွင် Medical Store-keeper ရာထူးဖြင့် အလုပ်ပြန်ဝင်ခဲ့ပါတယ်။
 
💐အစ်မအနေနဲ့ ယခုလက်ရှိမှာ Finance Manager ရာထူးနဲ့ တာဝန်ယူလုပ်ဆောင်ရပြီး နေ့စဉ် ဝင်ငွေနှင့် နေ့စဉ်အသုံးစရိတ်များစီစစ်၍ခွင့်ပြုပေးခြင်း၊ Finance & Account ဌာနမှဝန်ထမ်းများအားကြီးကြပ်ခြင်း၊ Account Record Store နှင့် Medical Equipment Store များကိုထိန်းသိမ်းကြီးကြပ်ခြင်း၊ ဓါတ်ခွဲ, ဓါတ်မှန်ဆရာဝန်ကြီးများနှင့် ပြင်ပဆရာဝန်ကြီးများ၏ ဉာဏ်ပူဇော်ခများစီစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ ကုမ္ပဏီအခွန်ကိစ္စနှင့် အစုရှယ်ယာကိစ္စများအားဆောင်ရွက်ခြင်း၊ ဝန်ထမ်းသက်သာရံပုံငွေစာရင်းထိန်းသိမ်းခြင်း၊ ဝန်ထမ်းများအနာဂတ်သာယာရေးရံပုံငွေစာရင်းထိန်းသိမ်းခြင်း၊ ပြင်ပကုမ္ပဏီများသို့ ငွေပေးချေခြင်း(ငွေသား၊ Cheques) နှင့် အထွေထွေကိစ္စရပ်များကိုဆောင်ရွက်ပေးနေပါတယ်။
 
💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ရာထူးအဆင့်ဆင့်တိုးပြီး နှစ်ရှည်ကြာ ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရတဲ့ အကြောင်းကတော့ ဆေးရုံအုပ်ချုပ်သူများ ဌာနအသီးသီးကဝန်ထမ်းများ အားလုံးဟာ မိသားစုပုံစံဆက်ဆံကြပြီး အားလုံး တက်ညီလက်ညီဝိုင်းဝန်းလုပ်ကိုင်ကြပါတယ်။ သာရေးနာရေးလူမှုရေးလိုအပ်ချက်များကို တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးကြပါတယ်။ ဆေးရုံမှချမှတ်ထားသော အုပ်ချုပ်မှုစနစ်၊ Information System, Software System စသည့်လုပ်ငန်းခွင်စနစ်များကလည်း အလုပ်လုပ်နေသောဝန်ထမ်းများအတွက် အခက်အခဲမရှိဘဲ အဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ပါတယ်။ အခက်အခဲမရှိ ပူပင်သောကမရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းခွင်မှာပျော်ရွှင်နေရခြင်းဖြစ်ပါတယ်။
 
💐ဗဟိုရ်စည်ဆေးခန်းစကတည်းက မိမိ၏တာဝန်ဝတ္တရားများအပြင် ပေးအပ်လာသော အခြားသီးခြား တာဝန်များကိုလည်း တစ်ဦးတည်းဖြစ်စေ စုပေါင်းဆောင်ရွက်၍ဖြစ်စေ ဆေးခန်းကြီးဖွံ့ဖြိုးတိုးတက်စေရေးအတွက် မညည်း မညူ ဆောင်ရွက်လာသည်မှာ ယခုဗဟိုရ်စည်ဆေးရုံကြီးအထိ (၂၄) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ မှတ်မှတ်ရရရှိသည်မှာ ကုမ္ပဏီ၏ AGM အစည်းအဝေးများ၊ ဆေးရုံ၏ New Year ပွဲများ၊ SPF Lucky Draw များအပြင် ပွဲများစွာကို တစ်နှစ်ပြီးတစ်နှစ် ဝိုင်းဝန်းဆောင်ရွက်လာရာတွင် မိမိမျက်စိရှေ့တွင်ပင် ဆေးရုံကြီး ဖွံ့ဖြိုးတိုးတက် လာသည်မှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ မိမိဝန်ထမ်းများ၏ ဘဝများတိုးတက်လာသကဲ့သို့ ဗဟိုရ်စည်ဆေးရုံ ကြီးသည်လည်း ဖွံ့ဖြိုးတိုးတက်လာရခြင်းဖြစ်ပါတယ်။ ဝန်ထမ်းများအားလုံးတို့၏စည်းလုံးညီညွတ်မှုအားကလည်း အရေးကြီးအကြောင်းအရာတစ်ရပ်အဖြစ် ပါဝင်ပါတယ်။
 
💐မိမိဌာနရှိလုပ်ဖော်ကိုင်ဖက်များအပြင် အခြားဌာနမှလုပ်ဖော်ကိုင်ဖက်များနှင့်လည်း လုပ်ငန်းခွင် ဆက်ဆံရေးအနေဖြင့်သာမက လူမှုဆက်ဆံရေးနယ်ပယ်များအနေဖြင့်လည်း ပျော်ရွှင်စွာနေထိုင်လုပ်ကိုင်လျက်ရှိပါတယ်။ တစ်ဦးအခက်အခဲကိုတစ်ဦးကဝိုင်းဝန်းဖြေရှင်းပေးခြင်း လုပ်ငန်းခွင်တွင်မဲနှိုက်ခြင်း၊ လက်ဆောင်ပစ္စည်းလဲလှယ်ခြင်း၊ မွေးနေ့များကျင်းပပေးခြင်းစသည်ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်းတို့အပြင် ပရဟိတ အလှူများကိုလည်း အတူတကွ လှူဒါန်းကုသိုလ်ယူကြပါတယ်။
 
💐ဗဟိုရ်စည်ဆေးရုံတွင် Bahosi Medical Centre ဟုဆေးခန်းစတင်ဖွင့်လှစ်စဉ်ကတည်းက ဝန်ထမ်းများအပေါ် တွင်ထောက်ပံ့တာဝန်ယူမှုများရှိပါတယ်။ ဝန်ထမ်းများအားလုပ်သက်အလိုက် ဆေးကုသခွင့်၊ ဆေးရုံတက်ကုသ ခွင့်တို့တွင် Discount ခံစားခွင့်များပေးထားပြီး ဆေးဝယ်ယူခြင်းကိုလည်း Discount ခံစားခွင့်ပေးပါတယ်။ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစု သာရေးနာရေးတို့အတွက် ဝန်ထမ်းသက်သာရေး ရန်ပုံငွေဖြင့် ထောက်ပံ့ပေးပါ တယ်။ ၎င်းအပြင် ဝန်ထမ်းများအနာဂါတ်သာယာရေးရံပုံငွေဖြင့်လည်း ဝန်ထမ်းများ ငွေစုနိုင်ခြင်း၊ ငွေချေးယူနိုင်ခြင်းကို ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်ကာလ Lock Down ကျစဉ် ဆေးရုံ ပိတ်ထားရသော်လည်း ဝန်ထမ်း အားလုံးကို လစာထောက်ပံ့ပေးပါတယ်။ လုပ်ငန်းခွင်ထိခိုက်ခြင်း (သို့) ကိုဗစ်ဖြစ်သောဝန်ထမ်းကိုလည်း ဆေးရုံတွင်ဆေးကုသမှုပေးခြင်း၊ ထောက်ပံ့ခြင်းတို့အပြင် လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့ပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးပါတယ်။ စီးပွားရေးခက်ခဲ သောယခုကာလမှာ ဝန်ထမ်းများအား Special Allowance ငွေအပြင် လစာတိုးမြှင့်ပေးခြင်းတို့ဖြင့်လည်း ထောက်ပံ့ပေးပါတယ်။
 
💐💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ယခုလက်ရှိအချိန်ထိ တာဝန်ကျေပွန်စွာ မိသားစုသဖွယ် (၂၄)နှစ် ကြာ တာဝန်ထမ်းဆောင်နေသော Finance Manager အစ်မ ဒေါ်သန်းသန်းနိုင် အား ဗဟိုရ်စည်ဆေးရုံကြီးက ကျေးဇူးအထူးတင်ရှိပြီး ဒီထက်မက ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တာဝန်များဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်ခင်ဗျာ။🥰🥰🥰
 
“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”