🌏World Trauma Day🌏
 
အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်ပပြုလုပ်သော ကမ္ဘာ့ထိခိုက်မှုနေ့သည် မတော်တဆမှုများ၊ အကြမ်းဖက်မှုများ၊ ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသောထိခိုက်မှု၏ အကျိုးသက်ရောက်မှုများ လျော့နည်းလာစေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ လူများစွာသည် ထိခိုက်ဒဏ်ရာရပြီးနောက် မသန်စွမ်းမှုများဖြစ်ပေါ်ကာ စိတ်ပိုင်းဆိုင်ရာများကိုထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။
 
ထို့ကြောင့်ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျော့နည်းစေရန်၊ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသော မတော်တဆမှုများနှင့် ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်၍ကျင်းပသော “World Trauma Day” အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။📣📣📣

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”