🥗🍚World Food Day
 
ကမ္ဘာ့စားနပ်ရိက္ခာနေ့သည် နှစ်စဉ်အောက်တိုဘာလ (၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Water is Life, Water is Food. Leave No One Behind” ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ရေ၏အရေးပါမှုနှင့်ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်နှင့် ရေကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်မှုတွင် အထောက်အကူပြုနိုင်ကြောင်းသိရှိစေရန် ရည်ရွယ်၍ ကျင်းပသောနေ့ဖြစ်ပါသည်။ ရေရရှိမှုသည် အသက်ရှင်ရပ်တည်မှုအတွက်သာမက စားနပ်ရိက္ခာဖူလုံမှုရရှိစေရေးအတွက်ပါ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သောကြောင့် အာဟာရပြည့်ဝပြီး ရေရှည်တည်တံ့သောကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ World Food Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”