💦💦ပျော်ရွှင်စရာနှစ်သစ် မြန်မာသင်္ကြန်ဖြစ်ပါစေ💦💦
 
ပိတောက်ပန်းများပွင့်ဖူးသည့် တန်ခူးလတွင်ကျင်းပသော 💦💦အတာသင်္ကြန်ရေသဘင်ပွဲတော်သည် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့မပါလာစေရန် သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်သော မြန်မာလူမျိုးတို့၏ ချစ်မြတ်နိုးဖွယ်ရာ နှစ်သစ်ကူးအထိန်းအမှတ်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ကျရောက်သော မြန်မာသင်္ကြန် နှစ်သစ်ကူး အချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိကြသော လူသားများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်နိုင် ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုက ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ 🙏🙏🙏

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”