သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊
ရဟန်းသံဃာတော်များအချင်းချင်း အပြစ်ရှိကပြောကြားပါရန် အချင်းချင်းဖိတ်မန္တကပြုကြသော ပဝါရဏာနေ့၊
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသောနေ့ (အဘိဓမ္မာအခါတော်နေ့)၊
နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုလ်ပြည့်သို့ ဆင်းသက်တော်မူသောနေ့၊
ထိုသို့ ဘုရားရှင်ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီမီးစသည့်ကို ထွန်းညှိပူဇော်သောနေ့၊
လူ၊ နတ်၊ ဗြဟ္မာ သုံးဘုံမှ မြတ်စွာဘုရားအား အတူတကွ ဖူးမြော်ကြည်ညိုသောနေ့၊
နတ်လူများ ဘုရားဆုပန်သောနေ့၊
လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝန်းလုံး တိုးယိုပေါက်မြင်သောနေ့ စသည် ဂုဏ်ထူး ဝိသေသတို့နှင့် ပြည့်စုံသော နေ့ထူးနေမြတ်ပင်ဖြစ်ပါသည်။
သီတင်းကျွတ်အခါသမယတွင် မြန်မာလူမျိုးတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွားများ၊ ဆရာသမားများကို အပြစ်မှခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဤကဲ့သို့ နေ့ထူးနေ့မြတ်မှာ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်ရောစိတ်ပါနှလုံးစိတ်ဝမ်း အေးချမ်း၍ လိုရာဆန္ဒ ပြည့်ဝပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေလို့ ဗဟိုရ်စည်ဆေးရုံကြီးက ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။