World Osteoporosis Day – 2024
ကမ္ဘာ့အရိုးပွရောဂါကာကွယ်ရေးနေ့ကို နှစ်စဉ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့တွင် ပထမဆုံးအကြိမ် World Osteoporosis Day ကို ယူနိုက်တက်ကင်းဒမ်း (IFO)က အစပြုခဲ့ပါသည်။ အရိုးရောဂါနှင့် ပတ်သက်သော ရောဂါများမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ အချိန်မီပြုလုပ်နိုင်ရန် အတွက် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယ္ခုနှစ် ကမ္ဘာ့အရိုးရောဂါနေ့၏ ဆောင်ပုဒ်မှာ “Say no to fragile bones” ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်းတွင် အသက်(၅၀)ကျော်အမျိုးသမီး သုံးယောက်မှာ တစ်ယောက်နှုန်း နှင့် အမျိုးသား ငါး ယောက်မှာ တစ်ယောက်နှုန်းဖြင့် အရိုးများအားနည်းပြီး ရိုးဆက်ရောင်ရမ်းနာ ကျိုးပဲ့မှုကို ခံစားနေရပါသည်။ ထို့ကြောင့် အသက်အရွယ်ကြီးလာသည်နှင့်အမျှ မိမိခန္ဓာကိုယ်ရှိအရိုးများခိုင်ခံစေရန်နှင့် ကျန်းမာသော အရိုးများ ရရှိစေရန် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်ဒီနှင့် ပရိုတင်းလုံ လောက်စွာ စားသုံး ခြင်း၊ အရိုးရောဂါနှင့်ပတ်သက်ပြီး ကျွမ်းကျင်သောဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကာ ကုသမှုများ ပြုလုပ်သင့် ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း World Osteoporosis Day အားကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် အရိုးကျန်းမာရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အရိုးအကြော အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီး
အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးခြင်း (Bone DEXA)၊
အရိုးကျန်းမာရေး စစ်ဆေးခြင်း (Bone Wellness Check-Up Package) ဖြင့် ဝန်ဆောင်မှု ပေးကာ ဆောင် ရွက်ပေးနေပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။