World Cancer Day
နှစ်စဉ် ဖေဖော်ဝါရီလ (၄) ရက်နေ့ကို ကမ္ဘာ့ကင်ဆာနေ့အဖြစ်ကျင်းပခဲ့ပြီး ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ရန်၊ ကုသမှုများအားမြှင့်တင်ပေးရန်၊ သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်အထည်ဖော်ရန်၊ နှစ်စဉ် ထောင်နှင့်ချီသောအသက်များကယ်တင်နိုင်ရန်နှင့် စောစောသိရှိထားပါက ကြိုတင်ကုသမှုများခံယူနိုင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “United by Unique” ဖြစ်ပါသည်။ ကင်ဆာနှင့်ပတ်သက်၍ မလိုလားအပ်သောရောဂါများနှင့် ကြိုတင်ကာကွယ်မှုများအတွက် ဗဟုသုတရရှိစေပြီး ကင်ဆာရောဂါ ကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ကျင်းပသော World Cancer Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆို ဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။
🩺🩺ကင်ဆာရောဂါနှင့် ပတ်သက်၍ကြိုတင်သိရှိပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံ ကြီး၏ Medical Check-Up ဌာနတွင် Cancer Screening Check-Up Package ဖြင့် ကင်ဆာ(ရှိ/မရှိ) စစ်ဆေး တိုင်းတာခြင်းများကို စစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”