⛳World Tuberculosis Day (March-24)
 
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေကို နှစ်စဉ် မတ်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာ့တီဘီရောဂါနေ့သည် တီဘီရောဂါ၏ ဆိုးရွားသောကျန်းမာရေးပြဿနာများကြောင့် မလိုလားအပ်သော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးအကျိုးဆက်များကို များစွာထိခိုက်စေနိုင်ပါသည်။ (၂၀၂၆) ခုနှစ် ကမ္ဘာ့ တီဘီရောဂါနေ့၏ဆောင်ပုဒ်မှာ “Yes! We Can End TB: Led By Countries Powered By People” ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ TB ရောဂါကို တိုက်ဖျက်ဖယ်ရှားရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ လူထုအသိပေးမှု တိုးမြှင့်စေရန်နှင့် တီဘီကူးစက်ရောဂါကို အဆုံးသတ်ရန် တီဘီရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော World Tuberculosis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”