🪔🪔International Nurses Day -2026
 
မေလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော International Nurses Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။
 
အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့သည် နှစ်စဉ် မေလ (၁၂) ရက်နေ့တွင် တစ်ကမ္ဘာလုံးဆိုင်ရာကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။ (၁၉၆၅) ခုနှစ်တွင် ခေတ်သစ်သူနာပြုလုပ်ငန်းကို တည်ထောင်သူအဖြစ် လူသိများသော ဖလောရင့်နိုက်တင်ဂေးလ်ကိုဂုဏ်ပြုသောအားဖြင့် သူမ၏မွေးနေ့ဖြစ်သော မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် သက်မှတ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ် မှာ “ Our Nurses. Our Future. Empowered Nurses Save Lives.” ဖြစ်ပါသည်။ ဆေးရုံများ၊ ဆေးခန်းများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပါယ်များတွင် ဆရာဝန်များနှင့် လက်တွဲညီညီဖြင့် လူနာများ၏ အသက်များကို ကယ်တင်နေသည့် သူနာပြုများ၏ ကြိုးစားအားထုတ်မှုနှင့် အရေးပါမှုတို့ကို ချီးကျုးဂုဏ်ပြုသောအားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးမေလ (၁၂) ရက်နေ့တွင်ကျရောက်သော International Nurses Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”