🌏World Alzheimer’s Day🌏
နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့သည် “ကမ္ဘာ့အယ်လ်ဇိုင်းမားနေ့” ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “The Earlier You Know, The More You Can Do: A Dementia Diagnosis Matters.” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အယ်လ်ဇိုင်းမား အဖွဲ့အစည်းများသည် အယ်လ်ဇိုင်းမားရောဂါနှင့် အခြား ဦးနှောက်ယိုယွင်း ရောဂါ (Dementia) အမျိုးအစားများအကြောင်း ပြည်သူများ ပိုမိုသတိပြုမိစေရန်၊ အသိပညာနှင့် နားလည်မှု တိုးမြှင့်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ၁၉၀၁ ခုနှစ်တွင် ဤရောဂါဖြစ်ပွားနေသည့် လူနာကို ပထမဆုံး စတင်တွေ့ရှိလေ့လာခဲ့သော ဂျာမန် ဦးနှောက်နှင့် အာရုံကြော/စိတ်ကျန်းမာရေး ဆရာဝန်ကြီး Alois Alzheimer ကို အစွဲပြု၍ “အယ်လ်ဇိုင်းမား” ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါသည် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်း ပျက်စီးလာခြင်းကြောင့်ဖြစ်ရသည့် အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး မှတ်ဉာဏ်နှင့် အယူအဆပိုင်းကို ထိခိုက်စေကာ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို ပါ အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ၎င်းရောဂါသည် အသက်အရွယ် ကြီးရင့်လာခြင်း၊ စိတ်ဖိစီးမှုနှင့် အခြား နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေများကြောင့် လူတိုင်းတွင် ဖြစ်ပွားနိုင်ခြေ ရှိပါသည်။
သို့ဖြစ်ပါ၍ အယ်လ်ဇိုင်းမား ကင်းစင်ပြီး စောစီးစွာ ရောဂါရှာဖွေကုသနိုင်သော စနစ်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပသည့် World Alzheimer’s Day ကို ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
#BahosiHospital #ဗဟိုရ်စည်ဆေးရုံကြီး #WorldAlzheimer’sDay2026
#ကျန်းမာရေးအသိပညာပေးဗဟုသုတများ
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Bahosi Hospital Viber
- Bahosi Hospital Facebook
- Bahosi Hospital TikTok
- Bahosi Hospital YouTube
- Email: bahosihospital@gmail.com
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010, 0
- အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
